
သထုံ ဖေဖော်ဝါရီ ၅
မွန်ပြည်နယ် သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လ ပြည့်ပြီးသည့် ခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်က မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်း ရုံးခန်းမ၌ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ပူးပေါင်းဆောင်ရွက်ပေး
ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထပ်ဆောင်း Booster Dose အဖြစ် ရုရှားနိုင်ငံထုတ် Sputnik Light ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင် မောင်မောင်နှင့် အဖွဲ့ဝင်များ မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ တာဝန် ရှိသူများ စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ပူးပေါင်း ဆောင်ရွက်ပေးသည်။
၅၀၀ ကျော်ခန့်ထိုးနှံပေးပြီး
သထုံမြို့နယ်တွင် Booster Dose ထိုးနှံပေးခြင်းကို ဖေဖော်ဝါရီ ၂ ရက်မှ စတင်ဆောင်ရွက်နေပြီး ဖေဖော်ဝါရီ ၃ ရက်အထိ ပညာ ရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း ၅၀၀ ကျော်ခန့်အား ထိုးနှံပေးခဲ့ပြီးဖြစ် ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)