
မန္တလေး ဖေဖော်ဝါရီ ၄
ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) တိုင်းဒေသကြီး အဆင့်သင်တန်း(ဒုတိယသုတ်) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ သူနာ ပြု သင်တန်းကျောင်း (မန္တလေး)တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် သင်တန်းသူသင်တန်းသားများ တက်ရောက် ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)ဝန်ထမ်းများသည် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကို အခြေခံအကျဆုံးနေရာတွင်ပါဝင်သော အခြေခံကျန်းမာရေးပညာရှင်တစ်မျိုးဖြစ်ကာ ရောဂါ နှိမ်နင်းရေးလုပ်ငန်းတာဝန်များကို အဓိကထား ဆောင်ရွက်ရသော ကျန်းမာရေးဝန်ထမ်းများ ဖြစ်ပါ ကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ပြီး ပြည်သူလူထုမှ အားကိုးအားထားရ သော နိုင်ငံ့ဝန်ထမ်းကောင်း ကျန်းမာရေးဝန်ထမ်းများ ဖြစ်အောင်ကြိုးစားသွားကြရန် တိုက်တွန်းလိုပါ ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသူ သင်တန်းသားများအတွက် သင်တန်း ဆင်း ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၂၀၇၀၀၀၀ ကျပ်ကို ပေးအပ်၍ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာ ဝင်းနိုင်က ကျေးဇူးတင် စကား ပြောကြားပြီးနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသား သင်တန်းသူများအား ရင်းနှီးစွာ လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်