တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

 

နေပြည်တော်   ဖေဖော်ဝါရီ    ၄


ကိုဗစ်-၁၉ ရောဂါ   ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့်   သီးသန့် စောင့်ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံ များ၊ ကျန်းမာရေးဌာနများနှင့်  ကိုဗစ်စင်တာများတွင်  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း  လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold  Chain Delivery  Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူး ပေးလျက်ရှိသည်။

 


ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင်  ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်   မင်းဓမ္မလမ်းရှိ   ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၌ထားရှိသည့်    ဆေးတစ်လုံးလျှင် လူငါးယောက်ထိုးနိုင်သော Sputnik Light ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကို ယနေ့တွင်  တိုင်းဒေသကြီးနှင့်   ပြည်နယ်အသီးသီးသို့ ပို့ဆောင်ပေးရာ မန္တလေးတိုင်းဒေသကြီးသို့ ကာကွယ်ဆေး အလုံးရေ ၃၀၀၀၊ ပဲခူးမြို့သို့ ကာကွယ်ဆေး ၁၆၀၀၊ သဲကုန်းမြို့နယ်သို့ ကာကွယ် ဆေး ၁၆၀၀၊  ရွှေတောင်မြို့နယ်သို့   ကာကွယ်ဆေး ၁၆၀၀၊ မင်းလှ မြို့နယ်သို့ ကာကွယ်ဆေး ၁၆၀၀၊ သာယာဝတီမြို့နယ်သို့ ကာကွယ် ဆေး ၁၆၀၀၊   ညောင်လေးပင်မြို့နယ်သို့    ကာကွယ်ဆေး ၁၆၀၀၊   ဒိုက်ဦးမြို့နယ်သို့  ကာကွယ်ဆေး  ၁၆၀၀၊ ဝေါမြို့နယ်သို့ ကာကွယ်ဆေး ၁၆၀၀၊ သနပ်ပင်မြို့နယ်သို့ ကာကွယ်ဆေး ၁၆၀၀၊ ကဝမြို့နယ်သို့ ကာကွယ်ဆေး ၁၆၀၀ နှင့် မင်္ဂလာဒုံမြို့နယ်သို့ ကာကွယ်ဆေး ၁၆၀၀ တို့ကို Cold  Chain Delivery  Logistics မော်တော်ယာဉ်ကြီးများဖြင့်   ပို့ဆောင်ပေးခဲ့ပြီး   တာဝန်ရှိသူများက  လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။                                                                  

သတင်းစဉ်