ဧရာဝတီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာများ ဖွင့်ပွဲကျင်းပ

 

ပုသိမ်  ဖေဖော်ဝါရီ   ၂


ဧရာဝတီတိုင်းဒေသကြီး  ကုန်း လမ်း  ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန   ဝန်ထမ်းအိမ်ရာသစ် ဖွင့်ပွဲကို  ဖေဖော်ဝါရီ ၁  ရက်က အဆိုပါ   ဝန်ထမ်းအိမ်ရာရှေ့၌  ကျင်းပရာ     တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးတင်မောင်ဝင်း၊  အနောက်တောင်တိုင်း  စစ်ဌာန ချုပ်      တိုင်းမှူး      ဗိုလ်ချုပ် အောင်အောင်၊     တိုင်းဒေသကြီး  လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး   ဗိုလ်မှူးကြီး ကျော်စွာ လှိုင်နှင့်    လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း တို့က  ဝန်ထမ်းအိမ်ရာကို ဖဲကြိုး ဖြတ်   ဖွင့်လှစ်ပေးကြသည်။

 


ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  ဝန်ထမ်းအိမ်ရာအား    လှည့်လည်
ကြည့်ရှုစစ်ဆေးကြသည်။  အဆိုပါ     ဝန်ထမ်းအိမ်ရာမှာ  အလျား ၇၅ ပေ၊   အနံ ပေ၄၀ ၊   အမြင့် ၂၄ ပေရှိပြီး  လေးခန်းတွဲ နှစ်ထပ်      သံကူကွန်ကရစ် အဆောက်အအုံ ဖြစ်ကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ်  ၁၇၅ ဒသမ ၅ သန်း အကုန်ကျခံ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

 


ဆက်လက်၍  ဧရာဝတီတိုင်း ဒေသကြီး    အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန   ရွှေဝတ်မှုန်ဝန်ထမ်း အိမ်ရာဖွင့်ပွဲကို အဆိုပါ ဝန်ထမ်း အိမ်ရာရှေ့၌  ကျင်းပရာ တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက   ဝန်ထမ်းအိမ်ရာကို  ဖဲကြိုးဖြတ်     ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီး   ဝန်ကြီးချုပ်က    ဝန်ထမ်းအိမ်ရာအတွင်း   လှည့် လည် ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ    ဝန်ထမ်းအိမ်ရာမှာ အလျား ပေ ၁၂၀ ၊  အနံ ပေ ၃၀ ၊  အမြင့် ၃၂ ပေ ရှိပြီး    ခြောက်ခန်း တွဲ  သုံးထပ် RC  အမျိုးအစား ဖြစ်ကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေကျပ်  ၃၀၅  သန်းခန့် အကုန်ကျခံ၍  တည်ဆောက်ခဲ့ ကြောင်း သိရသည်။


ကိုတွတ်(ပြန်/ဆက်)