တိုင်းဒေသကြီးနှင့်ပြည်နယ်တို့ရှိ မြို့အသီးသီး၌ ပြည်သူလူထု စိတ်အေးချမ်းသာစွာ သွားလာလှုပ်ရှားလျက်ရှိ

 

 

နေပြည်တော်  ဖေဖော်ဝါရီ  ၁
အကြမ်းဖက်အဖွဲ့များ    ဖြစ်သည့် NUG ၊ CRPH  နှင့်  PDF  အမည်ခံ အကြမ်းဖက်သမား        များသည် ၎င်းတို့၏     နိုင်ငံရေးလိုလားချက် ပြည့်ဝစေရန်အတွက်  အေးချမ်းစွာ နေထိုင်လျက်ရှိသည့်    ပြည်သူ လူထုအား အကြမ်းဖက်တိုက်ခိုက်၊ သတ်ဖြတ်ခြင်း၊     ခြိမ်းခြောက် အကျပ်ကိုင်ခြင်း  စသည့်အကြမ်း ဖက်လုပ်ရပ်များကို   လုပ်ဆောင် လျက်ရှိပြီး ပြည်သူလူထုအကြောက် တရား            လွှမ်းမိုးစေရန်အတွက် Social Media        အပါအဝင် နည်းလမ်းပေါင်းစုံသုံး၍    လုပ် ဆောင်လျက်ရှိသည်။ 
နိုင်ငံတော်  စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအဖွဲ့    တာဝန်ယူ သည့် ၁ နှစ်ပြည့်သည့် ယနေ့တွင် ပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာလှုပ်ရှား  ဆောင်ရွက်နိုင်မှု မရှိစေရေးနှင့်     ပြည်သူလူထု၏ လူမှုစီးပွားဘဝ    ပျက်စီးစေရေး အတွက်      Silent Strike ခေါ် လှုပ်ရှားမှုကို ပြုလုပ်ကြရန်   လူမှု ကွန်ရက်မှတစ်ဆင့်       ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ် ကို ခြိမ်းခြောက်ဖိအားပေး   လုပ် ဆောင်လျက်ရှိသည်။ 
ထိုသို့     CRPH ၊ NUG   နှင့် ယင်းတို့၏  လက်အောက်ခံအဖွဲ့ အစည်းများ၊      ယင်းတို့နှင့် ဆက်နွှယ်နေသော    အဖွဲ့အစည်း များ၊       လူပုဂ္ဂိုလ်များသည် နိုင်ငံတော်   တည်ငြိမ်အေးချမ်းရေး ကို    ပျက်ပြားစေရန်နှင့်    အစိုးရ ယန္တရားများ    ပျက်ပြားစေရန် ရည်ရွယ်လျက်      လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် တာဝန်ရှိအဖွဲ့အစည်းများ၊   လုံခြုံ ရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့် ကြပ်မတ်  ဆောင်ရွက်ပေးခဲ့သည့် အတွက်   ယနေ့တွင် တိုင်းဒေသ ကြီးနှင့်      ပြည်နယ်အသီးသီးရှိ ဘုရား၊  စေတီ၊  ကျောင်းကန်များ၊ ဘာသာရေးဆိုင်ရာ   နေရာများ၌ သက်ဆိုင်ရာ    ဘာသာဝင်များက လာရောက်၍ စိတ်အေးချမ်းသာစွာ ဝတ်ပြုဆုတောင်းမှုများ   ဆောင် ရွက်လျက်ရှိကြသည်။     ထို့ပြင် ဈေးများ၊  ဘဏ်များ၊ ဆေးရုံများ၊ လေကြောင်းခရီးစဉ်များ၊ မီးရထား ခရီးစဉ်များ၊   ရေကြောင်းခရီးစဉ် များ၊     မော်တော်ယာဉ်လိုင်းများ ကို        တည်ငြိမ်အေးချမ်းစွာဖြင့်   ပုံမှန်အတိုင်း        ဖွင့်လှစ်ပြေးဆွဲ လျက်ရှိကြောင်း      သတင်းရရှိ သည်။
သတင်းစဉ်