နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော သံဃာတော်များအား သိက္ခာထပ်မင်္ဂလာပြုလုပ်

 

 

နေပြည်တော်  ဖေဖော်ဝါရီ   ၁
နိုင်ငံတော်   သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ  မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက်     ပဓာနနာယက ဆရာတော်    ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ    အမှူးပြုသော သံဃာတော်များအား သိက္ခာထပ် မင်္ဂလာကို  ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦး မြို့  ရွှေစည်းခုံစေတီတော်ရှိ အင်္ဂါ ထောင့်         မဏ္ဍပ်၌      ပြုလုပ်ရာ နိုင်ငံတော်    သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ဆရာတော် အမှူးပြုသော  သံဃာ တော်များ  ကြွရောက်တော်မူကြပြီး အလယ်ပိုင်းတိုင်း    စစ်ဌာနချုပ် တိုင်းမှူး    ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များနှင့်  ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
ဦးစွာ             တိုင်းမှူးနှင့် တက်ရောက်    လာကြသူများက နိုင်ငံတော်    သံဃမဟာနာယက အဖွဲ့အကျိုးတော်ဆောင်   ဆရာ တော်          အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ ထံမှ     ငါးပါးသီလခံယူဆောက် တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များ  နာယူကြ သည်။    ထို့နောက်    တိုင်းမှူးနှင့် တက်ရောက်     လာကြသူများက ဗန်းမော်ကျောင်းတိုက်      ဆရာ တော်နှင့်    သံဃာတော်များအား လှူဖွယ်ပစ္စည်းများ      ဆက်ကပ် လှူဒါန်းပြီး       အနုမောဒနာ တရားနာကြားကာ    လှူဒါန်းမှု အစုစုတို့အတွက်   ရေစက်သွန်းချ အမျှပေး ဝေကြသည်။
ယင်းနောက် ဗန်းမော်ကျောင်း တိုက်   ဆရာတော်အမှူးပြုသော သံဃာတော်များက     ရွှေစည်းခုံ စေတီတော်မြတ်ကြီးအား   လက် ယာရစ်ပတ်ကာ    အန္တရာယ်ကင်း ပရိတ်တရားတော်များ  ရွတ်ဖတ် ပူဇော်ပြီး     သံဃာတော်များအား သိက္ခာထပ်မင်္ဂလာကို   အစီအစဉ် အတိုင်း          ပြုလုပ်ကြသည်။ ဆက်လက်၍  တက်ရောက်လာကြ သူများက    သံဃာတော်များအား သိမ်ဆင်း       လောင်းလှူခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်