တူယှဉ်နွှဲပျော်ဂီတပွဲတော် ပြိုင်ပွဲဝင်များအား SMS Voting ပေးပို့၍ ပါဝင်အားပေးနိုင်

 

 

နေပြည်တော် ဖေဖော်ဝါရီ ၁
၂၀၂၂ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက တူယှဉ်နွှဲပျော်ဂီတ ပွဲတော် သီချင်းဆိုပြိုင်ပွဲကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှစတင်၍ အပတ်စဉ် သောကြာနေ့ညတိုင်း ကျင်းပခဲ့ရာ ယခုအခါ   ဒုတိယအဆင့်ပြိုင်ပွဲကို     ပြိုင်ပွဲဝင်  ၁၀ဦးဖြင့် ဖေဖော်ဝါရီ ၄ ရက်တွင် စိတ်ကြိုက်တေးသီချင်းများဖြင့်လည်းကောင်း၊  ဖေဖော်ဝါရီ ၆ ရက်တွင် ပြဋ္ဌာန်းတေးသီချင်းများဖြင့်လည်းကောင်း ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ 
အဆိုပါ  ပထမအဆင့်ပြိုင်ပွဲတွင်  နေပြည်တော်အပါအဝင်   ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုမှ ပြိုင်ပွဲဝင် ၄၅ ဦးကို အုပ်စု ငါး စုခွဲကာ အုပ်စုတစ်ခုလျှင် ပြိုင်ပွဲဝင် ကိုးဦးစီဖြင့် ပြဋ္ဌာန်းတေးသီချင်းနှင့် စိတ်ကြိုက်တေးသီချင်း တစ်ပုဒ်စီဖြင့် သီဆိုပြိုင်ပွဲဝင်ခဲ့ကြပြီး အုပ်စုတစ်စုလျှင် နှစ်ဦးစီဖြင့်  ၁၀ ဦးကို အကဲဖြတ်ဒိုင်အဖွဲ့၏ အမှတ်ပေးစနစ်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ဒုတိယအဆင့်နှင့် တတိယအဆင့်ပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်များအမှတ်ပေးမှုအပြင် ပရိသတ်များအနေဖြင့် MPTနှင့် Mytel SIM Card များကို အသုံးပြု၍ Voting မဲပေးနိုင်မည်ဖြစ်ရာ မိမိတို့ကြိုက်နှစ်သက်သည့် ပြိုင်ပွဲဝင်ကို Voting Time သတ်မှတ်ချိန်အတွင်း SMS ပေးပို့မဲပေးခြင်းကို အရေအတွက် အကန့်အသတ်မရှိဘဲ MPT Sim Card များမှ ကုဒ်နံပါတ် “7522”သို့လည်းကောင်း၊ Mytel Sim Card များမှ ကုဒ်နံပါတ် “7575” သို့လည်းကောင်း SMS ဖြင့် ပြိုင်ပွဲဝင်၏ MF နံပါတ်ကို ရိုက်နှိပ်၍ ပေးပို့နိုင်မည်ဖြစ်သည်။
ပရိသတ်မဲပေးနိုင်မည့် ပြိုင်ပွဲဝင် ၁၀ ဦး၏ Voting နံပါတ်များမှာ MF01 မြတ်နိုးစံ (မကွေးတိုင်းဒေသကြီး) ၊ MF02 ကြူကြူခိုင်  (ရန်ကုန်တိုင်းဒေသကြီး) ၊ MF03 ရေဂျီနား (စစ်ကိုင်းတိုင်းဒေသကြီး)၊ MF04 ဇော်ထွေးလတ် (မန္တလေးတိုင်းဒေသ ကြီး)၊ MF05 အရိန့် (ကချင်ပြည်နယ်)၊ MF06 ဇင်သူသူထွန်း (ဧရာဝတီတိုင်းဒေသ ကြီး)၊ MF07 ချိုမီမီဇော် (ဧရာဝတီတိုင်းဒေသကြီး)၊ MF08 ချမ်းဟိန်းဝင်းထွန်း (ကရင်ပြည်နယ်)၊ MF09 ဈာန်ထူး (ရန်ကုန်တိုင်းဒေသကြီး)၊ MF10 ချစ်နု (ပဲခူးတိုင်း ဒေသကြီး) တို့ ဖြစ်ကြပြီး ဖေဖော်ဝါရီ ၆ ရက် ည ၉ နာရီမှ စတင်၍ နောက်ဆုံးပြိုင်ပွဲဝင် သီဆိုပြီးစီးချိန်အထိ SMS ပေးပို့နိုင်မည်ဖြစ်ကြောင်းနှင့် ၎င်းနောက်ပိုင်းတွင် ပေးပို့ရောက်ရှိလာမည့် SMS များကို ထည့်သွင်းရေတွက်မည်  မဟုတ်ကြောင်း  သိရသည်။                                                                                   သတင်းစဉ်