ပြည်ထောင်စုရာထူးဝန်အဖွဲ့ အခြေခံကွန်ပျူတာမွမ်းမံသင်တန်းဖွင့်လှစ်

 

 

နေပြည်တော်  ဖေဖော်ဝါရီ  ၁
ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း၊   အမှုထမ်းများအနေ ဖြင့်   ကွန်ပျူတာအခြေခံသဘော တရားများအား ပိုမိုသိရှိနားလည် ပြီး    လုပ်ငန်းခွင်တွင်   ပြန်လည် အသုံးချနိုင်စေရန်အတွက် အခြေခံ ကွန်ပျူတာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို     ယနေ့နံနက် ၁၀ နာရီခွဲက  ကိုဗစ်-၁၉  ရောဂါ ဆိုင်ရာ      ထုတ်ပြန်ထားရှိသော စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရုံးအမှတ် (၁၇)   စုပေါင်းခန်းမတွင် ကျင်းပသည်။ 
သင်တန်း           ဖွင့်ပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက   ရုံးလုပ်ငန်းများ၊ စီမံခန့်ခွဲမှု       လုပ်ငန်းများနှင့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များတွင် ကွန်ပျူတာ      ကျွမ်းကျင်တတ် မြောက်မှုမှာ   နိုင်ငံ့ဝန်ထမ်းတိုင်း အတွက် မဖြစ်မနေလိုအပ်လာပြီ ဖြစ်ကြောင်း၊          နိုင်ငံတော်က အကောင်အထည်ဖော်   ဆောင် ရွက်လျက်ရှိသော e-Government လုပ်ငန်းစဉ်များ၊         Online ဝန်ဆောင်မှုလုပ်ငန်းများအတွက် ကွန်ပျူတာ     တတ်ကျွမ်းမှုဖြင့် လိုက်ပါ တာဝန်ထမ်းဆောင်နိုင် ရေး၊  ထိရောက်လျင်မြန်သော ရုံး လုပ်ငန်းစနစ် ဖော်ဆောင်ရေးတို့ အတွက် အခြေခံကွန်ပျူတာပညာ ရပ်များကို  သင်ကြားပို့ချပေးရန် ဖြစ်ကြောင်း၊ အခြေခံတတ်မြောက် မှုရှိလာမှသာ   အဆင့်မြင့်သတင်း အချက်အလက်နှင့်  နည်းပညာ ဘာသာရပ်တို့ကို   ဆက်လက် လေ့လာသင်ယူနိုင်မည်         ဖြစ် ကြောင်း၊        နောင်တွင်လည်း အဆင့်မြင့်    ကွန်ပျူတာသင်တန်း များကို    ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊   သင်ကြား ပေးသည်များကို     ဂရုတစိုက် လိုက်နာသင်ယူသွားရန်     ဖြစ် ကြောင်း မှာကြားသည်။
သင်တန်း           ဖွင့်ပွဲသို့ ပြည်ထောင်စု      ရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များဖြစ်သော ဦးဆန်းမြင့်၊ ဦးရဲနိုင်၊ သူရဦးဘိုနီနှင့် တာဝန်ရှိ သူများ      တက်ရောက်သည်။ သင်တန်းကာလမှာ  ဖေဖော်ဝါရီ ၁  ရက်မှ  ၂၃   ရက်အထိဖြစ်ပြီး သင်တန်းသား သင်တန်းသူ  ၁၂ ဦးတို့ကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားရှိသော   စည်းကမ်း သတ်မှတ်ချက်များနှင့်      အညီ သင်ကြားပို့ချသွားမည်         ဖြစ် ကြောင်း သိရသည်။   
သတင်းစဉ်