
နေပြည်တော် ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဖလား အလွတ် တန်းဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲ ကို ယနေ့ မွန်းလွဲပိုင်းတွင် အောင်မြေသာစံမြို့နယ် ၂၆ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြား မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီရုံးရှေ့၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ မန္တလေးမြို့တော်ဝန်၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သေနတ် ပစ်ဖောက်တာလွှတ်ခဲ့ရာ ပြိုင်ပွဲ ဝင် အားကစားသမား ၁၂၂ ဦးက ကျုံးမြို့ရိုးသုံးပတ် စက်ဘီးစီး ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဒေသခံပြည်သူများက လမ်းဘေး တစ်လျှောက် အားပေးခဲ့ကြကာ မန္တလေးမြို့တော် စည်ပင်သာယာ ရေး ကော်မတီရုံးရှေ့တွင် ပန်းဝင် ကြသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရရှိကြ သူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကြသည်။
ထို့အပြင် မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ မိသားစုဌာနအလိုက် ထမနဲထိုး ပြိုင်ပွဲ၊ ပျော်ရွှင်ပွဲနှင့် စတုဒိသာ ဧည့်ခံပွဲများ ပျော်ရွှင်စွာကျင်းပခဲ့ ကြောင်း သိရသည်။
သတင်းစဉ်