
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း
========================
မြန်မာနိုင်ငံ၏ အနာဂတ်တွင် ခေါင်းဆောင်များဖြစ်လာမည့် ကလေးများနှင့်လူငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အတွေးအခေါ်အယူအဆများ ထက်မြက်လာစေရန် ရည်ရွယ်၍ စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါ ပွဲတော်ကြီးတွင် အသိ ပညာ ဗဟုသုတရဖွယ် ပြခန်း ပေါင်း ၄၀ ကျော် ပါဝင်ပြသထားပြီး ဖျော်ဖြေရေး အစီအစဉ်ကောင်း များလည်း ထည့်သွင်းထားရာ စိတ်ပါဝင်စားစွာဖြင့် လာရောက် လေ့လာကြသည့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ပွဲတော်ကြီးတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက် ကြသည့် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရင်းတွင်းစကားသံများ ကို ရေးသားဖော်ပြလိုက်ရ ပါသည်။
ဦးမောင်မောင်အုန်း
(ပြည်ထောင်စုဝန်ကြီး၊
ပြန်ကြားရေးဝန်ကြီးဌာန)
အခုကျင်းပတဲ့ လူငယ်နဲ့ စာပေပွဲတော်ဟာ တကယ်တော့ နိုင်ငံတော်ဝန်ကြီးချုပ်ကို အထူး ကျေးဇူးတင်ရမယ့်ကိစ္စ ဖြစ်ပါ တယ်။ အစကတော့ ပြန်ကြားရေး ဝန်ကြီးဌာနတစ်ခုအနေနဲ့ စာပေ ပွဲတော်တစ်ခုစီမံဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ သို့သော်လည်း နိုင်ငံတော်ဝန်ကြီးချုပ် အနေနဲ့ လူငယ်ကဏ္ဍကို အင်မတန် အလေးထားပါတယ်။ ဒါကြောင့် လူငယ်နဲ့စာပေပွဲတော်ကို စီစဉ် တဲ့အခါမှာ ကျွန်တော်တို့ ဝန်ကြီး ဌာန တစ်ခုတည်းမဟုတ်တော့ဘဲ ကျန်တဲ့ဝန်ကြီးဌာနတွေနဲ့ အားလုံး ပေါင်းစည်းပြီး ဆောင်ရွက်ပါ တယ်။ နိုင်ငံတော်ဝန်ကြီးချုပ်က လူငယ်တွေကို အသိပညာ၊ အတွေး အခေါ်တွေအပြင် နိုင်ငံတော် အတွက် သားကောင်းရတနာ၊ သမီးကောင်းရတနာဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ပါဆိုပြီး လမ်းညွှန်တဲ့အတွက် ယနေ့ နိုင်ငံတော်အဆင့် အခမ်းအနား တစ်ခုလို စီမံဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ပွဲတော်မှာ ပြန်ကြားရေးဝန်ကြီး ဌာနပြခန်း၊ သိပ္ပံနဲ့နည်းပညာ ပြခန်း၊ ပညာရေးဝန်ကြီးဌာန ပြခန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနက ရေကြောင်း ပြခန်း၊ လေကြောင်းဝါသနာရှင် များအသင်းချုပ်ကနေ လေယာဉ် ပြခန်းနဲ့ လေယာဉ်ပျံသန်းမှု သရုပ်ပြကွင်းတွေအပြင် ဖျော်ဖြေ ရေးအစီအစဉ်အနေနဲ့ မြန်မာ့အသံ က အနုပညာရှင်တွေ၊ ရုပ်ရှင်သရုပ် ဆောင်တွေ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အက အဖွဲ့တွေ၊ ကျောင်းသား ကျောင်း သူတွေရဲ့ ကပွဲတွေလည်း ပါဝင်ခဲ့ ပါတယ်။
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဌာန၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန ပြခန်း မှာဆိုရင် လူငယ်တွေကိုပိုပြီးတော့ ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းကို သိစေဖို့အတွက် မော်ကွန်းစာတမ်း တွေ၊ မော်ကွန်းတိုက်က အထောက် အထားတွေ၊ ကျောက်စာ၊ ပေစာမိတ္တူတွေကိုလည်း ပြသ ထားပါတယ်။ ဒီပြခန်းမှာစာချုပ် တွေ အများကြီးပါပါတယ်။ ပင်လုံစာချုပ်နဲ့ ရန္တပိုစာချုပ် လည်း ပါဝင်ပါတယ်။ ယနေ့ခေတ် လူငယ် တော်တော်များများက ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းကို မသိတဲ့အခါကျတော့ တချို့တွေ အယူအဆ လွဲမှားတာတွေ ရှိပါ တယ်။ ကိုယ့်နိုင်ငံအပေါ်မှာ တန်ဖိုး မထားတာတွေလည်း ဖြစ်တာပေါ့။ ဒီတော့ ကျွန်တော်တို့ နိုင်ငံတော် ကြီး ဘယ်လိုလွတ်လပ်ရေးရပြီး တော့မှ ခုချိန်ထိဘယ်လို ဖြတ်သန်းရတယ်၊ ဘယ်လိုအခက် အခဲတွေကြားကနေ ဘယ်လို စာချုပ်စာတမ်းတွေနဲ့ ဒီအဆင့် ရောက်အောင် ဖြတ်ကျော်ခဲ့လည်း ဆိုတဲ့ မှတ်တမ်းတွေပါပဲ။ ဒီလို မှတ်တမ်းတွေ၊ သမိုင်းတွေကိုသိမှ လူငယ်တွေဟာ အနာဂတ်မှာ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံကို ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်ဆိုတဲ့ အတွေးအခေါ် တွေကို အသိပေးချင်တာ ဖြစ်ပါ တယ်။
နောက်တစ်ခုကတော့ လူငယ် တွေဟာ လိုသလိုပုံသွင်းလို့ရတဲ့ ဖယောင်းလေးတွေလို့ တင်စား ရမှာပါ။ ဖယောင်းလေးတွေလို ပုံသွင်းလို့ရတဲ့ လူငယ်တွေဟာ အသိမှန်အမြင်မှန်တွေ၊ အတွေး အခေါ်မှန်တွေ မသိဘူးဆိုရင် လည်း လမ်းကြောင်းလွဲတာတွေ လည်း ရှိတတ်ပါတယ်။ လူငယ် တွေအနေနဲ့ အသက်ငယ်ရွယ်စဉ် မှာ သူတို့ရဲ့လေ့လာလိုစိတ်၊ စူးစမ်းလိုစိတ်တွေက တစ်ဆင့် အသိပညာ၊ အတတ်ပညာတွေ တိုးပွားပြီး မိမိအတွက်၊ မိမိ ဒေသအတွက်၊ မိမိနိုင်ငံအတွက် ကိုပါ အတွေးအခေါ်ကောင်း၊ အသိပညာကောင်းတွေ ရရှိအောင် ရည်ရွယ်ပြီး ပွဲတော်ကို ကျင်းပ တာဖြစ်ပါတယ်။ နိုင်ငံတော် ဝန်ကြီးချုပ်အနေနဲ့ လူငယ်တွေကို အင်မတန်ကို အလေးထားပါ တယ်။ ဒါကြောင့် ယခင်ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနကို ပြန်လည် ဖွဲ့စည်းတဲ့အခါမှာ အားကစားဝန်ကြီးဌာနလို့ သီးသန့် မဖွဲ့တော့ဘဲ အားကစားနဲ့လူငယ် ရေးရာဝန်ကြီးဌာနလို့ ဖွဲ့စည်း ခဲ့တာဖြစ်ပါတယ်။ အခုကျင်းပ ခဲ့တဲ့ ပွဲတော်ဟာ နိုင်ငံတော် ဝန်ကြီးချုပ်ရဲ့ လူငယ်တွေအပေါ် မှာ ထားတဲ့ စေတနာကိုပေါ်လွင် စေတယ်လို့ မြင်မိပါတယ်။
မခင်ပြည့်စုံ
(အမှတ်(၁၆) အခြေခံပညာ
အထက်တန်းကျောင်း၊
မန္တလေးမြို့)
သမီးတို့က မန္တလေးကနေ လာရောက်လေ့လာတာပါ။ ပြခန်း အားလုံးကို လေ့လာကြည့်ရှုပြီး ပါပြီ။ ပြခန်းအားလုံးထဲကမှ ကျန်းမာရေး အသိပညာပေး ပြခန်းကို စိတ်ဝင်စားပါတယ်။ သမီးကြီးလာရင် ဆရာဝန်လုပ်ဖို့ အခုကတည်းက စာကိုကြိုးစား လေ့လာသင်ယူ နေပါတယ်။ လူငယ်နဲ့ စာပေပွဲတော်ကို လာရောက် လေ့လာခွင့်ရတဲ့ အတွက် ပျော်ရွှင်မှုတွေရရှိတဲ့ အပြင် အသိပညာဗဟုသုတတွေ လည်း အများကြီးရရှိပါတယ်။ လေကြောင်း၊ ရေကြောင်းနဲ့ ပတ်သက်တဲ့ အသိပညာပေးပြခန်း တွေကို လေ့လာခွင့်ရတဲ့အတွက် သမီးတို့မသိသေးတဲ့ ရေကြောင်း၊ လေကြောင်းနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေလည်း အများကြီးရရှိပါတယ်။ မန္တလေး မြို့မှာကျင်းပခဲ့တဲ့ လူငယ်စာပေ ပွဲတော်တုန်းကလည်း သမီးပါဝင် ဆင်နွှဲခဲ့ပါတယ်။ နေပြည်တော်မှာ ကျင်းပတဲ့ ပွဲတော်နဲ့ဆိုရင် လေ့လာခွင့်ရတာ နှစ်ကြိမ်ရှိပါပြီ။ သမီးတို့က မန္တလေးကလာတာ ဖြစ်တဲ့အတွက် ပွဲတော်ကို ရောက်တဲ့အခါမှာ နေပြည်တော် အတွင်းမှာရှိတဲ့ ကျောင်းပေါင်းစုံ က ကျောင်းသား ကျောင်းသူတွေ အားလုံး တစုတစည်းတည်း တွေ့ရတော့ ပိုပြီးပျော်စရာကောင်း ပါတယ်။
မောင်အောင်ဘုန်းထွဋ်
(ရုပ်ရှင်သရုပ်ဆောင်)
ဝန်ကြီးဌာနတွေက ပြသ ထားတဲ့ ပန်းချီပြခန်း၊ သိပ္ပံနဲ့ နည်းပညာပြခန်းတွေမှာ ခင်းကျင်း ပြသထားတဲ့ ပစ္စည်းတွေ၊ ကျန်းမာရေးဝန်ကြီးဌာနက ပြသ ထားတဲ့ Biology နဲ့ပတ်သက်တဲ့ သင်ထောက်ကူ ပုံစံတွေကို ကြည့်ရှုလေ့လာပြီးပါပြီ။ လူငယ်နဲ့ စာပေပွဲတော်ကို ကိုယ်တိုင်ပါဝင် လေ့လာရတဲ့အတွက် ဝမ်းသာ ပါတယ်။ ပြခန်းတွေကနေ အသိ ပညာဗဟုသုတွေလည်း ရပါ တယ်။ ပြခန်းတွေအားလုံးထဲကမှ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနက ပြသထားတဲ့ ပြခန်းကို ပိုပြီး စိတ်ဝင်စားပါတယ်။ ပွဲတော် နောက်ဆုံးနေ့ ဖြစ်တဲ့အတွက် လူတွေ တော်တော်စည်ကားတာ ကိုလည်း တွေ့ရပါတယ်။ ကျွန်တော် တို့ လူငယ်တွေမှာ ရည်မှန်းချက် ကိုယ်စီရှိကြပါတယ်။ ကိုယ့် ရည်မှန်းချက်ကို အကောင်အထည် ဖော်တဲ့အခါ ဘယ်လောက်အခက် အခဲရှိရှိ စိတ်ဓာတ်နဲ့ ဇွဲလုံ့လရှိရင် ကျော်ဖြတ်နိုင်ပါတယ်လို့ ပြောချင် ပါတယ်။ ဒီလိုအသိစိတ်တွေကို အခုလို လူငယ်နဲ့စာပေပွဲတော်က လှုံ့ဆော် ပေးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။
မဇူဇူးစံ
(အမှတ်(၁၆) အခြေခံပညာ
အထက်တန်းကျောင်း၊
မန္တလေးမြို့)
သမီးတို့ ဒီပွဲတော်ကိုလာတာ ဟာ ဘဝအတွက် ကြီးမားတဲ့ အသိပညာ ဗဟုသုတတွေကို လာရောက်ရှာဖွေတာပါ။ ပြခန်း အားလုံးကိုကြည့်ပြီးပါပြီ။ သမီး ရည်ရွယ်ချက်က ဆရာဝန် တစ်ယောက် ဖြစ်ချင်တဲ့အတွက် ပြခန်းအားလုံးထဲကမှ ကျန်းမာ ရေး အသိပညာပေး ပြခန်းကို ပိုပြီး စိတ်ဝင်စားပါတယ်။ စာအုပ် တွေ ဖတ်တဲ့အခါမှာလည်း ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အသိပညာ တွေရစေမယ့် စာအုပ်တွေနဲ့ အထွေထွေ ဗဟုသုတရမယ့် စာအုပ်တွေကို ဖတ်ရှုလေ့လာ ဖြစ်ပါတယ်။ လူငယ်နဲ့စာပေ ပွဲတော်ကို ကိုယ်တိုင်ပါဝင်လေ့လာ ကြည့်ရှုခွင့်ရတဲ့အတွက် ပျော်ပါ တယ်။ ပြခန်းတွေကနေ ရရှိ လာမယ့် အသိပညာဗဟုသုတ တွေကို သမီးဘဝအတွက် အသုံးချ သွားမှာပါ။ ရေကြောင်းနဲ့ လေကြောင်းမှာ ကိုယ်တိုင် ဝင်ရောက် မောင်းနှင်ခွင့်ရလို့ ပျော်စရာကောင်းပါတယ်။
မအိချောချောမြ
(အစိုးရနည်းပညာအထက်တန်းကျောင်း၊နေပြည်တော်)
ညီမတို့ ဒီပွဲတော် စတင်ကျင်းပ ကတည်းက လာချင်တာပါ။ ဒီနေ့လာရတဲ့အတွက် ဝမ်းသာ မိပါတယ်။ စာပေပြခန်းတွေနဲ့ နည်းပညာပြခန်းတွေ အများကြီး ခင်းကျင်းပြသထားတာ တွေ့ရ ပါတယ်။ ညီမတို့က လျှပ်စစ်နဲ့ ပတ်သက်ပြီး လေ့လာသင်ယူ နေတာဆိုတော့ လျှပ်စစ်ပိုင်းကို ပိုမိုစိတ်ဝင်စားပါတယ်။ တခြား ရေကြောင်းပညာ၊ လေကြောင်း ပညာရပ်တွေ ပြသထားတဲ့ ပြခန်းတွေကိုလည်း လိုက်လံ လေ့လာနေပါတယ်။ ဒီပွဲတော် ကြီးမှာ ညီမတို့ မသိရတာ တွေလည်း သိခွင့်ရတယ်။ ညီမက သိပ္ပံစာအုပ်တို့၊ လျှို့ဝှက် ဆန်းကြယ်စာအုပ်တွေကို ဖတ်ရ တာ ကြိုက်တဲ့အတွက် စာပေ ဗိမာန် စာအုပ်အရောင်းဆိုင်ကနေ ရှာဖွေပြီးဝယ်ထားတယ်။ ညီမတို့ ဗဟုသုတရသလို ကလေးတွေ အတွက်လည်း ပျော်ရွှင်စရာ အစီ အစဉ်တွေ ထည့်သွင်းထားတာကို တွေ့ရပါတယ်။ ကျောင်းက သူငယ် ချင်းတွေနဲ့အတူတူ ဗဟုသုတတွေ အများကြီးရတဲ့အတွက် စိတ်ထဲ မှာ ပျော်ရွှင်မိနေပါတယ်။
မအင်ကြင်းပွင့်
(လာရောက်လေ့လာသည့်
ကျောင်းသူတစ်ဦး)
သမီးဒီပွဲကို ဖေဖေနဲ့အတူ လာတာပါ။ သမီးကလေယာဉ် မောင်းရတာကို စိတ်ဝင်စားတဲ့ အတွက် လေယာဉ်နဲ့ဆိုင်တဲ့ ပြခန်း တွေကို အများဆုံးသွားကြည့်ဖြစ် တယ်။ နောက်ပြီး လေကြောင်း ဝါသနာရှင်များအသင်းရဲ့ ပြခန်း မှာလည်း ကွန်ပျူတာစနစ်တွေနဲ့ ကိုယ်တိုင် လေယာဉ်မောင်းသလို ခံစားလို့
n စာမျက်နှာ ၁၅ မှ
လေယာဉ် ပြကွက်မှာဆိုရင် လေယာဉ်နဲ့ပတ်သက်တဲ့ ပုံစံ ငယ်လေးတွေနဲ့ အသေးစိတ် ပြထားတာတွေလည်း တွေ့ရ တယ်။ လေယာဉ်တွေအကြောင်း ကိုလည်း နှံ့နှံ့စပ်စပ်လေ့လာလို့ လည်း ရပါတယ်။ ကျွန်တော့် အနေနဲ့ ပြခန်းတွေထဲမှာ လေယာဉ်ပြခန်းကို သဘောကျ အနှစ်သက်ဆုံး ဖြစ်ပါတယ်။ အဲဒါကြောင့် လေယာဉ်နဲ့ ပတ်သက်တဲ့ ဉာဏ်စမ်းစာမေးပွဲ ဝင်ပြိုင်တဲ့အခါ ဒုတိယဆုရရှိ ပါတယ်။ ဒီပွဲတော်ကိုလာရောက် လေ့လာပြီး အသိပညာဗဟုသုတ တွေ များစွာရရှိစေတဲ့အတွက် လူငယ်နှင့် စာပေပွဲတော်ကို ဖြစ်မြောက်အောင် ဆောင်ရွက် ပေးကြတဲ့ တာဝန်ရှိသူအားလုံး ကို ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း ဒီလိုပွဲတော် တွေ ကျင်းပပေးနိုင်ရင် တော်တော် လေး ဝမ်းသာမိမှာပါ။
မသက်ထားဇော်
ကျောင်းသူ
အလက(၁) နေပြည်တော်
လူငယ်နှင့် စာပေပွဲတော် ကျင်းပပေးတာ သမီးတို့လို လူငယ်တွေအတွက် အဖိုးမဖြတ် နိုင်တဲ့ အသိပညာဗဟုသုတတွေ ရရှိစေပါတယ်။ ပန်းချီ၊ လေကြောင်း၊ ရေကြောင်း၊ နည်းပညာသိပ္ပံ၊ စာအုပ်စာပေ၊ ကျန်းမာရေးတို့နဲ့ ပတ်သက်တဲ့ အကြောင်းအရာ ပြည့်ပြည့်စုံစုံကို တစ်နေရာတည်းမှာ သိခွင့်ရခဲ့ပါ တယ်။ သမီးက ပန်းချီနဲ့ ကျန်းမာ ရေးကို ဝါသနာပါသူဖြစ်ပါတယ်။ အခု ပန်းချီဆေးရောင်ခြယ်ပွဲမှာ သူငယ်ချင်းတွေနဲ့ အတူတူ ဆေးရောင်ခြယ်ပြီး ပန်းချီရသကို ခံစားမိပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ပါးစောင် ကင်ဆာ စသဖြင့် အများကြီး ဆေးစိမ်ပြီး ပြသထားတာတွေ ဖြစ်တဲ့အတွက် တော်တော့်ကို ဗဟုသုတတွေရပါတယ်။ အဲဒီ အတွက် ဒီပွဲတော်ကြီးဖြစ်လာဖို့ စီမံပေးတဲ့ သက်ဆိုင်သူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောပါ ရစေ။
မခင်စန္ဒာပြည့်စုံကျော်
ကျောင်းသူ
သမီးက လူငယ်နဲ့စာပေပွဲတော် မှာ စာအုပ်အရောင်းဆိုင်တွေနဲ့ ပြခန်းအများကြီးကို လေ့လာခဲ့ ပါတယ်။ အဲဒီထဲက သိပ္ပံနဲ့ နည်းပညာပြခန်းတွေကို ပိုပြီး စိတ်ဝင်စားပါတယ်။ ကျောင်းမှာ ဆို စာတွေ့ပဲလေ့လာရတာပါ။ အခုကပြခန်းတွေက မျက်မြင် တွေ့ရတာ ပိုသဘောကျမိပါ တယ်။ ဒါကြောင့်မို့ ပြခန်းတွေ အများကြီးရှိတဲ့အထဲက သိပ္ပံနဲ့ နည်းပညာ ပြခန်းတွေကို လေ့လာပါတယ်။ လူငယ်နဲ့ စာပေပွဲတော်ဟာ ပြခန်းပေါင်း များစွာနဲ့ စာအုပ်အရောင်း ပွဲတော်တွေ ခင်းကျင်းပြသပေး ထားတာကို တွေ့ရပါတယ်။ သမီးတို့ ဗဟုသုတရပါတယ်။ သူငယ်ချင်းတွေ အများကြီးနဲ့ လာရောက်လေ့လာရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ အခုလို ကလေးတွေအတွက် ဗဟုသုတ ရမယ့် လူငယ်နဲ့ စာပေပွဲတော် တွေကိုလည်း နှစ်စဉ်နှစ်တိုင်း ကျင်းပပေးစေ ချင်ပါတယ်။ လာရောက် ကြည့်ရှုခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်။