CRPH ၊ NUG အကြမ်းဖက်အဖွဲ့၏ ညွှန်ကြားချက်ဖြင့်  PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ မဟုတ်မမှန်လုပ်ကြံဆွဲဆောင်စည်းရုံးမှုကြောင့်  ကယားပြည်နယ်ဘက်သို့ ထွက်ခွာလာသည့် ကျောင်းသားလူငယ် ငါးဦး မိဘရင်ခွင်သို့ ပြန်လည်ပို့ဆောင်အပ်နှံပေး

 

 

နေပြည်တော်  ဇန်နဝါရီ   ၃၁      
CRPH ၊ NUG အကြမ်းဖက်အဖွဲ့၏ ညွှန်ကြားချက်ဖြင့်  PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ မဟုတ်မမှန် လုပ်ကြံ    ဆွဲဆောင်စည်းရုံးမှုကို နားယောင်ကာ ကယားပြည်နယ် ဘက်သို့     ထွက်ခွာလာသော  ရန်ကုန်တိုင်းဒေသကြီး  မှော်ဘီ မြို့နယ်   အထက(ရွှေမြယာ)မှ နဝမတန်းကျောင်းသား မောင်ဇွဲ သက်ပိုင် (၁၅ နှစ်)၊  မောင်ရဲမင်း ထွေး (၁၆ နှစ်)၊     ဒသမတန်း ကျောင်းသား    မောင်ဥက္ကာမင်း မောင် (၁၅ နှစ်)၊ မောင်ကောင်း သန့်နိုင် (၁၅ နှစ်)၊  မောင်သန်း ထိုက် (၁၅ နှစ်) တို့ကို   လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ကျောင်းသားမိဘ များ၊   ဆရာ  ဆရာမများနှင့် တာဝန်သိပြည်သူများ ပူးပေါင်း၍ ရှာဖွေစုံစမ်းခဲ့ရာ တောင်ငူမြို့နယ် ကျွန်းကုန်းကျေးရွာ၌     ဇန်နဝါရီ ၃၀ ရက်တွင် ပြန်လည်တွေ့ရှိခဲ့ပြီး မိဘများ၏ ရင်ခွင်သို့    ပြန်လည် ပို့ဆောင်အပ်နှံပေးခဲ့ကြောင်း သိရှိ ရသည်။
လူမှုကွန်ရက်မှ ဆက်သွယ် မဟုတ်မမှန်လုပ်ကြံစည်းရုံး
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၉ ရက် တွင် CRPH ၊ NUG အကြမ်းဖက် အဖွဲ့၏  လက်အောက်ခံအဖွဲ့ဖြစ် သော   ကယားပြည်နယ်ရှိ  PDF အမည်ခံ    အကြမ်းဖက်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးသည်     ရန်ကုန် တိုင်းဒေသကြီး    မှော်ဘီမြို့နယ် အထက(ရွှေမြယာ)မှ နဝမတန်း ကျောင်းသားများ     ဖြစ်သော မောင်ဇွဲသက်ပိုင်     (၁၅  နှစ်)၊ မောင်ရဲမင်းထွေး     (၁၆  နှစ်)၊ မောင်အောင်နိုင်သူ   (၁၆  နှစ်)၊ ဒသမတန်းကျောင်းသားများ ဖြစ် သော    မောင်ဥက္ကာမင်းမောင်  (၁၅ နှစ်)၊ မောင်ကောင်းသန့်နိုင် (၁၅ နှစ်)၊ မောင်သန်းထိုက် (၁၅ နှစ်)၊ မောင်သိန်းသန်းရွှေ (၁၆ နှစ်)နှင့်       အောင်မြင့်မြတ်တို့ကို အင်တာနက်    လူမှုကွန်ရက်မှ တစ်ဆင့် ဆက်သွယ်၍ မဟုတ် မမှန်      လုပ်ကြံစည်းရုံးမှုများ ဆောင်ရွက်ကာ ကယားပြည်နယ် သို့ လာရောက်ရန် ပြောကြားခဲ့ ကြောင်း သိရှိရသည်။
ကျောင်းသား ငါးဦး  ပြန်လည်တွေ့ရှိ            မိဘများထံ အပ်နှံ
ထိုကဲ့သို့   စည်းရုံးမှုကြောင့် အပြစ်မဲ့     ကျောင်းသားလူငယ် ရှစ်ဦးသည် PDF အမည်ခံအကြမ်း ဖက်သမား၏ ဆွဲဆောင်စည်းရုံးမှု ကို   နားယောင်ကာ   ဇန်နဝါရီ ၂၉  ရက်တွင်      မိဘများအား ကျောင်းသို့သွားမည်ဟု အကြောင်း ပြကာ စေတမာန် Express ကား ဖြင့်   ရန်ကုန်မှ   တောင်ငူမြို့သို့ လိုက်ပါခဲ့ကြကြောင်း၊ တောင်ငူ မြို့သို့    ရောက်ရှိစဉ်   ကယား ပြည်နယ်ဘက်သို့   ဆက်လက် ထွက်ခွာရန် မော်တော်ယာဉ်အား လိုက်လံငှားရမ်းခဲ့ရာ  မရသဖြင့်  စေတမာန်       ကားဂိတ်အနီးရှိ အေသင်စားသောက်ဆိုင်၌ ညအိပ် တည်းခိုခဲ့ကြကြောင်း၊ ည ၁၁ နာရီ ခွဲခန့်တွင် တာဝန်သိပြည်သူများ၏ ဖျောင်းဖျမှုကြောင့် မိဘများထံသို့ ဖုန်းဖြင့်   ပြန်လည်ဆက်သွယ်မှု ရယူခဲ့ကြောင်း၊  ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင် များက အေသင်စားသောက်ဆိုင်၌ အပြစ်မဲ့    ကျောင်းသားလူငယ် ရှစ်ဦးအနက်  ငါးဦးကို  ပြန်လည် တွေ့ရှိခဲ့သဖြင့်  ခေါ်ဆောင်ကာ မိဘများထံ ပြန်လည်အပ်နှံပေးခဲ့ ကြောင်း၊ သို့သော် အောင်မြင့်မြတ်၊ မောင်အောင်နိုင်သူနှင့်  မောင်သိန်း သန်းရွှေတို့   သုံးဦးမှာ  ဇန်နဝါရီ  ၂၉  ရက်      ညပိုင်းတွင်   ကျန် ကျောင်းသားများကို  အသိပေး ခြင်းမရှိဘဲ   ထွက်ခွာသွားသဖြင့် ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရှိရသည်။ 
ကျောင်းသားလူငယ်များ လမ်းမှား မရောက်စေရေး
သို့ဖြစ်၍    CRPH ၊   NUG အကြမ်းဖက်အဖွဲ့နှင့်    လက် အောက်ခံ         PDF   အမည်ခံ  အကြမ်းဖက်အဖွဲ့သည် အပြစ်မဲ့ ကျောင်းသား    လူငယ်များကို မဟုတ်မမှန်    လုပ်ကြံစည်းရုံး ကာ အကြမ်းဖက်လုပ်ငန်းများ၌ အသုံးချ     လုပ်ဆောင်လျက်ရှိ ကြောင်း တွေ့ရှိရသဖြင့် ကျောင်း သား၊ မိဘ၊ ဆရာ သုံးဦးသုံးဖလှယ် ပေါင်းစပ်၍ ကျောင်းသားလူငယ် များ  လမ်းမှားမရောက်စေရေး ထိန်းသိမ်းကြပ်မတ်  ဆောင်ရွက် သွားရန်နှင့် တာဝန်သိမိဘပြည်သူ များအနေဖြင့်လည်း သတင်းရရှိ ပါက  သက်ဆိုင်ရာသို့  သတင်း ပေးပို့သွားရန်  မေတ္တာရပ်ခံအပ် ထားသည်။ အပြစ်မဲ့ကျောင်းသား လူငယ်များအား      မဟုတ်မမှန် လုပ်ကြံ စည်းရုံးအသုံးချနေသည့် အကြမ်းဖက်သမားများကိုလည်း ဆက်လက်စုံစမ်း    ဖော်ထုတ်၍ တည်ဆဲဥပဒေအရ  ထိရောက်စွာ အရေးယူသွားမည်  ဖြစ်ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်