တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

 

နေပြည်တော်   ဇန်နဝါရီ    ၂၉

 


ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့်    သီးသန့် စောင့်ကြည့်ရမည့်   သူများအား တပ်မတော်ဆေးရုံများ၊   ပြည်သူ့ ဆေးရုံများ၊ ကျန်းမာရေးဌာနများ နှင့်      ကိုဗစ်စင်တာများတွင် ကျန်းမာရေး  စောင့်ရှောက်ပေး ခြင်းနှင့်     တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို  တပ်မတော်သား ဆရာဝန်များ၊      ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ ဆောင်ရွက် ပေးလျက်ရှိရာ  ၎င်းလုပ်ငန်းများ တွင်  အထောက်အကူဖြစ်စေရန် အတွက်  ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့်  ပြည်နယ် အသီးသီးသို့   သတ်မှတ်အအေး လမ်းကြောင်း  စံချိန်စံညွှန်းများ အတိုင်း   တပ်မတော်(လေ)မှ လေယာဉ်များ၊  Cold   Chain Delivery  Logistics မော်တော် ယာဉ်ကြီးများဖြင့်    ပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိသည်။

 


ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေး  ဦးစီးဌာန၊ ဗဟိုကာကွယ်ဆေး သိုလှောင်ခန်း၊ တိုးချဲ့ကာကွယ်ဆေးထိုး  လုပ်ငန်း မှ  ဆေးတစ်လုံးလျှင်  လူ  ၁၀ ဦး ထိုးနိုင်သော Covishield၊ Cov-axin၊ ဆေးတစ်လုံးလျှင် လူငါးဦး ထိုးနိုင်သော    Sinopharm၊ ဆေးတစ်လုံးလျှင်     လူနှစ်ဦး ထိုးနိုင်သော Sinovac ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးများကို ကျိုင်းတုံမြို့သို့ Covishield ၂၄၃၄ လုံး၊ Covaxin ၆၀၇ လုံး၊ ဆေးထိုး အပ်များ၊ လားရှိုးမြို့သို့  Covi- shield ၁၀၈၂၅လုံး၊ Covaxin ၅၇၃ လုံး၊ ဆေးထိုးအပ်များ၊ ကလေးမြို့ သို့ Covishield ၇၁၈ လုံး၊ Covaxin ၈၁၄ လုံး၊    ဆေးထိုးအပ်များ၊ ဟားခါးမြို့သို့ Covaxin ၃၁၉ လုံး၊ တီးတိန်မြို့သို့  Covaxin ၂၀၄ လုံး၊ တွန်းဇံမြို့သို့ Covaxin ၅၆ လုံး၊ ဖလမ်းမြို့သို့  Covaxin ၁၇၄ လုံး၊ မြစ်ကြီးနားမြို့သို့ Covishield ၁၁၂လုံး၊ Covaxin ၁၈၄၇၃ လုံး၊ ဆေးထိုးအပ်များ၊   စစ်တွေမြို့သို့ Covishield ၁၂၇၈၁ လုံး၊  Covaxin ၁၆၂၂၇ လုံး၊ Sinopharm ၆၀၉၈ လုံး၊ Sinovac ၂၄၅၀၀ ၊ ဆေးထိုး အပ်များ၊    သံတွဲမြို့သို့  Covishield ၁၉၀၁  လုံး၊  Covaxin  ၈၅၅၆ လုံး၊  Sinopharm  ၆၁၀၄  လုံး၊ Sinovac ၂၉၀၀ ၊ ဆေးထိုးအပ်များ၊ ထားဝယ်မြို့သို့     Covishield ၁၉၀၃    လုံး၊     ဆေးထိုးအပ် များ၊   မြိတ်မြို့သို့  Covishield ၆၄၀၃ လုံး၊   ဆေးထိုးအပ်များ၊ ကော့သောင်းမြို့သို Covishield ၂၇၁၇ လုံး၊   ဆေးထိုးအပ်တို့ကို တပ်မတော်  လေယာဉ်များဖြင့် ဆက်လက်   ပို့ဆောင်ပေးခဲ့ရာ တိုင်းဒေသကြီးနှင့်   ပြည်နယ် အသီးသီးမှ      တာဝန်ရှိသူများ က   လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

 

သတင်းစဉ်