
မင်းဘူး ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်နှင့် ရွှေစက်တော် မန်းချောင်း အပန်းဖြေဆင်စခန်းကို ယခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် တစ်ပြိုင်နက်တည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုကြည့်ရှု
ဘုရားပွဲတော်နှင့် ဆင်စခန်း ပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်း ထွန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး တင့်ကျော်နှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၂၈ ရက်က သွားရောက်ကွင်းဆင်း ကြည့်ရှု စစ်ဆေးသည်။
ဆင်စီးအပန်းဖြေ
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ရွှေစက်တော် မန်းချောင်း အပန်းဖြေဆင်စခန်းသို့ သွားရောက်၍ ဆင်စခန်း ကို ပွဲတော်ကာလတစ်လျှောက် ပြန်လည်ဖွင့်လှစ် ရန်နှင့် ဆင်စခန်းဖွင့်လှစ်ခြင်း (၃)နှစ်ပြည့် အထိမ်း အမှတ်ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက် နေမှုများ၊ တည်းခိုဆောင်၊ နားနေဆောင်နှင့် သဘာဝတောတောင် ရှုခင်းအလှပများ ကြည့်ရှုရင်း ဆင်စီးအပန်းဖြေမည့်နေရာများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား သည်။
မန်းရွှေစက်တော် ဘုရားပွဲတော်ကို ယခုနှစ် တွင် အစဉ်အလာမပျက် ကိုဗစ်စည်းကမ်းချက် များနှင့်အညီ ဖေဖော်ဝါရီ ၅ ရက် (တပို့တွဲလဆန်း ၅ ရက်) တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ အလားတူ ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်းကိုလည်း အဆိုပါနေ့တွင် တစ်ပြိုင် နက်တည်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဘုရားပွဲတော်ကာလမှာ တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်အထိ ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)