တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ လူမျိုးမရွေး၊ ဘာသာမရွေး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်  ဇန်နဝါရီ  ၂၉


တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်  သီလရှင်များ၊ ဘာသာရေး  ခေါင်းဆောင်များ  အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး  အသက်   ၄၀  အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊ နာတာရှည်ရောဂါအခံရှိသူ များ၊   ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်    စခန်းများ အတွင်းရှိ  ပြည်သူများ၊  အသက် ၁၂   နှစ်အထက်    အခြေခံပညာ အလယ်တန်းနှင့်  အထက်တန်း အဆင့် ကျောင်းသား  ကျောင်းသူ များစသည့်    ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေး အဖွဲ့များ၊   ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊    သူနာပြုများ၊ ကျန်းမာရေး        ဝန်ထမ်းများ နှင့်    စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်း များကို    ဆောင်ရွက်ပေးလျက်ရှိ သည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၈ ရက်နှင့် ယနေ့တွင် ရှမ်းပြည်နယ်   (မြောက်ပိုင်း)အတွင်းရှိ  မြို့နယ်  ကိုးမြို့နယ်၌ ဒေသခံပြည်သူ ၁၄၄၈ ဦး၊ ရှမ်း ပြည်နယ်(တောင်ပိုင်း)  နမ့်စန် မြို့နယ်နှင့် ခိုလမ်မြို့တို့၌ ဒေသခံ ပြည်သူ ၅၅၃ ဦး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်နှင့် မိုင်းပျဉ်းမြို့နယ်တို့၌   ဒေသခံ ပြည်သူ ၅၂၆ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ      မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၆၈၅၀ ၊  မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင် ခုနစ်ခုတို့၌ ဒေသခံ ပြည်သူ ၈၄၂၀ နှင့်  ပဲခူးတိုင်းဒေသ ကြီး  ထန်းတပင်မြို့နှင့်   ပြည် မြို့နယ်တို့၌ ဒေသခံပြည်သူ ၆၁၄ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက    ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊     သက်ဆိုင်ရာ ကျန်းမာရေး     ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးသည်။ 

 


ထို့အတူ     ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉  ရောဂါ  ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ    ဇန်နဝါရီ  ၂၈ ရက်နှင့် ယနေ့တွင် ရှမ်းပြည် နယ်  (မြောက်ပိုင်း)  အတွင်းရှိ မြို့နယ် သုံးမြို့နယ်တို့၌ ကျောင်း သား ကျောင်းသူ ၁၆၉ ဦး၊ ရှမ်း ပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့၌   ကျောင်းသား   ကျောင်းသူ ၁၈ ဦး၊  ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၁၂၅ ဦး တို့ကို  တပ်မတော်မှ  ဆေးအဖွဲ့ များက     ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊    သက်ဆိုင်ရာ ကျန်းမာရေး      ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးသည်။

 


ထိုသို့   ဆောင်ရွက်ပေးနေမှု များကို  သက်ဆိုင်ရာ  တိုင်းစစ်ဌာန ချုပ်များမှ    တာဝန်ရှိသူများက သွားရောက်  ကြည့်ရှုအားပေးပြီး လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သတင်း ရရှိသည်။                

သတင်းစဉ်