ပင်လုံမြို့ ဝမ့်အဲန်ဘုန်းကြီးကျောင်းသို့ ဆွမ်းဆန်၊ ဆား၊ ကုလားပဲ၊ ကြက်ဥ၊ ကြက်သွန်နီများ ထောက်ပံ့လှူဒါန်း

 

နေပြည်တော်   ဇန်နဝါရီ    ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)   လွိုင်လင်ခရိုင်အတွင်းရှိ  ဘုန်းကြီး ကျောင်းများ ၊ စာသင်တိုက်များတွင်  ရဟန်းရှင်များ၊ သာမဏေများ၊ သီလရှင်များအတွက် ဆွမ်းအခက်အခဲ မရှိစေရန် ရည်ရွယ်၍ လှူဒါန်းထောက်ပံ့ပေးလျက် ရှိရာ ယနေ့နံနက်ပိုင်းတွင် လွိုင်လင်ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဦးစီးအရာရှိ ဦးရန်အောင်ကျော်မျိုး နှင့် တာဝန်ရှိသူများသည် လွိုင်လင်မြို့နယ် ပင်လုံ မြို့ရှိ ဝမ့်အဲန်ဘုန်းကြီးကျောင်းသို့  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥ၊ ကြက်သွန်နီများကို ကျောင်းထိုင်ဆရာတော်  အရှင်ရာဇိန္ဒထံ  ဆက်ကပ် လှူဒါန်းခဲ့သည်။
အလားအတူ နယ်စပ်ရေးရာဝန်ကြီးဌာနအနေ ဖြင့်   မြန်မာနိုင်ငံအတွင်း  လတ်တလော  ဖြစ်ပွား နေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမားရေးဆိုင်ရာ    အထောက်အကူပြုပစ္စည်း များ၊   အားဖြည့်အစားအစာများကို  လွိုင်လင်ခရိုင် အတွင်းရှိ   ကိုဗစ်-၁၉    စင်တာများသို့   ဆက်လက် လှူဒါန်း  ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။  
သတင်းစဉ်