ချင်းပြည်နယ်၌ ပြည်ထောင်စုနေ့နှင့် ချင်းအမျိုးသားနေ့ ကျင်းပမည်

 

ဟားခါး  ဇန်နဝါရီ  ၂၉
၂၀၂၂ ခုနှစ်   (၇၅)   နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်း အနားကို   ချင်းပြည်နယ်အတွင်း    အောင်မြင်စွာ    ကျင်းပနိုင်ရေး     လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌   ဇန်နဝါရီ  ၂၇  ရက်က ပြုလုပ်ရာ  ပြည်နယ် ဝန်ကြီးချုပ်   ဦးငွန်ဆန်းအောင် တက်ရောက်   အမှာစကားပြော ကြားသည်။ (အောက်ပုံ)
ပြည်နယ်ဝန်ကြီးချုပ်က (၇၅)  နှစ်မြောက်  စိန်ရတု ပြည်ထောင်စု နေ့  အခမ်းအနားကို  အနှစ်သာရ ရှိရှိ       ကျင်းပနိုင်ရေးအတွက်  အစည်းအဝေးကျင်းပခြင်းဖြစ် ကြောင်း၊    အခမ်းအနားကျင်းပရာ တွင်      ကိုဗစ် -  ၁၉  ကာကွယ်ရေး ဆိုင်ရာ  စည်းကမ်းချက်များနှင့် အညီ   ကြိုတင်ပြင်ဆင်ရန်လို ကြောင်း၊ ဆပ်ကော်မတီအသီးသီး မှ  ဌာနဆိုင်ရာတာဝန်ရှိသူများ အနေဖြင့်  ဝိုင်းဝန်းဆောင်ရွက် ကြရန်လိုကြောင်းနှင့်    နေပြည် တော်တွင် ကျင်းပမည့်  စိန်ရတု ပြည်ထောင်စုနေ့    အခမ်းအနား  တိုက်ရိုက်ထုတ်လွှင့်မှုကို ပြည် နယ်၊   ခရိုင်၊ မြို့နယ်အဆင့်  ဌာန ဆိုင်ရာများအားလုံး ကြည့်ရှုကြ စေလိုကြောင်း အမှာစကားပြော ကြားသည်။
ထို့နောက် ဖေဖော်ဝါရီ ၂၀ ရက်တွင်   ကျရောက်မည့်(၇၄) နှစ်မြောက်    ချင်းအမျိုးသားနေ့ အခမ်းအနား     ကျင်းပနိုင်ရေး    လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဆက်လက်ကျင်းပရာ   ပြည်နယ် ဝန်ကြီးချုပ်က   ချင်းအမျိုးသား နေ့အခမ်းအနားတွင်    မြို့နယ် အလိုက်   သဘာပတိအဖွဲ့ဝင်များ  ကြိုတင်ရွေးချယ်ရန်နှင့်   သဘာ ပတိ မိန့်ခွန်းများ     ကြိုတင်ပြင်ဆင် ထားရှိရန်၊  အရေးကြီးပုဂ္ဂိုလ်များ   အချိန်မီဖိတ်ကြားနိုင်ရေး  ကြိုတင် စီစဉ်ရန်နှင့်  ပြည်နယ်အတွင်းရှိ     မြို့နယ်အားလုံးတွင်       အခမ်း အနား    ကျင်းပနိုင်ရေးအတွက် ထောက်ပံ့  သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ   ပြည်နယ်လုံခြုံရေးနှင့်    နယ်စပ် ရေးရာဝန်ကြီး       ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က   ကော်မတီနှင့်  ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိ မှုနှင့်    ဆပ်ကော်မတီအလိုက် သတ်မှတ်သည့်   လုပ်ငန်းတာဝန် များအခြေအနေ၊    အခမ်းအနား ကျင်းပနိုင်ရေးအတွက်     ခရိုင် အဆင့်နှင့်         မြို့နယ်အဆင့်    ထောက်ပံ့ပေးရန်    လျာထားမှု အခြေအနေများကို  ရှင်းလင်း တင်ပြပြီး    တာဝန်ရှိသူများက   ဆပ်ကော်မတီအလိုက် ဆောင် ရွက်မည့်           အစီအမံများကို ရှင်းလင်းတင်ပြသည်။
ထို့နောက်     လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး     ဗိုလ်မှူး ကြီး ဟန်ဝင်းအောင်က   အခမ်း အနားကျင်းပမည့်နေရာ  သန့်ရှင်း သပ်ရပ်ရေး နှင့်   လိုအပ်ချက်များ ကြိုတင်ဆောင်ရွက်ရေး၊   အခမ်း အနားကျင်းပပြီးစီးတိုင်း ဝယ်ယူ သည့်ပစ္စည်းများ၊   ဆက်တင် ပစ္စည်းများကို    မှတ်တမ်းဖြင့် စနစ်တကျထိန်းသိမ်းရေး၊ အခမ်း အနား   တက်ရောက်သူများအား ချင်းရိုးရာ   အစားအစာများဖြင့်  ဧည့်ခံရေး၊    အခမ်းအနားအဝင် မုခ်ဦး ပြုလုပ်ရေးတို့နှင့် ပတ်သက် ၍     ဖြည့်စွက်    ဆွေးနွေးကာ    ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။
                    ခရိုင်(ပြန်/ဆက်)