ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ

Type
5

 

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုဂုဏ်ပြုဆောင်းပါး

 

ဦးအောင်
 

 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဖြစ်သည်။ ထိုနေ့သည်   နိုင်ငံတော်အတွင်း  မှီတင်းနေထိုင်ကြကုန်သော ပြည်ထောင်စု ဖွားတိုင်းရင်းသားအားလုံးနှင့်  သက်ဆိုင်သည့်နေ့တစ်နေ့ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက် တိုင်းရင်းသားအားလုံးတို့၏ စည်းလုံးညီညွတ်မှုကို အခိုင်အမာသက်သေပြနိုင်သည့် သမိုင်းမှတ်တိုင် စိုက်ထူခြင်းကြောင့် နိုင်ငံအတွက် တန်ဖိုးအနဂ္ဃ ထိုက်တန်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို စတင်မွေးဖွားသန့်စင်ပေးလိုက်သော နေ့ထူးနေ့မြတ်ဖြစ်သည်ဟု ဆိုရပေမည်။
 

 

ပင်လုံစာချုပ်နှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်မှု     


၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ  ၈  ရက်နေ့မှ ၁၁ ရက်နေ့အထိ   ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် တိုင်းရင်း သားကိုယ်စားလှယ်ပေါင်းစုံတို့         အကြိမ်ကြိမ်  ဆွေးနွေးကြပြီးနောက်    တောင်တန်းနှင့်    မြေပြန့် တစ်ပေါင်းတည်း      လွတ်လပ်ရေးယူမည်ဟူသော ဆွေးနွေးဆုံးဖြတ်ချက်    ချမှတ်ကြသည့်    ပင်လုံ စာချုပ်ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ် ရေးထိုးနိုင်ခဲ့ကြသည်။  ဤသို့ဖြင့်   ဗိုလ်ချုပ်အောင် ဆန်းနှင့်   တိုင်းရင်းသားမျိုးချစ်ခေါင်းဆောင်များ၏ ကြိုးပမ်းမှု၊  တိုင်းရင်းသားပေါင်းစုံတို့၏   စည်းလုံး ညီညွတ်မှုတို့ကြောင့် ပင်လုံစာချုပ်ကြီးပေါ်ပေါက်လာခဲ့ရသည်။   ပင်လုံစာချုပ်ချုပ်ဆိုပြီး  နောက်တစ် နှစ်အတွင်း ၁၉၄၈ ခုနှစ် ဇန်နဝါရီလ  ၄  ရက်နေ့တွင် လုံးဝလွတ်လပ်သည့်     အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတ    မြန်မာနိုင်ငံတော်ကြီးအဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့ခြင်းကြောင့်   ပြည်ထောင်စု စိတ်ဓာတ်၏တန်ဖိုးသည်         နှိုင်းဆမရအောင် ကြီးမားသည်(ဝါ) တန်ဖိုးအနဂ္ဃထိုက်တန်သည်ကို တွေ့ကြရမည် ဖြစ်သည်။

 


ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည့်    ဖေဖော်ဝါရီလ  ၁၂ ရက်ကို       ပြည်ထောင်စုနေ့ဟုသတ်မှတ်ကာ နိုင်ငံတော်က  အခမ်းအနားများ နှစ်စဉ်ကျင်းပလာ ခဲ့သည်။

 


တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအရေးကြီးပုံ


တိုင်းရင်းသားလူမျိုးအသီးသီး  ပူးပေါင်းနေထိုင် ကြသော  ဤပြည်ထောင်စုကြီးသည်   နိုင်ငံတော်၏ အသက်ပင်ဖြစ်သည်။  ပြည်ထောင်စုမြန်မာနိုင်ငံဟူ၍ သတ်မှတ်ထားသော       ပထဝီမြေပြင်ပေါ်တွင် ပေါက်ဖွားကြသည့် ပြည်ထောင်စုသားများ၏  စုဝေး ဆောင်ရွက်မှု      အမှန်တကယ်လိုအပ်ပေသည်။ ညီညွတ်မှုမရှိ၊    တစ်ယောက်တစ်ပေါက်လုပ်ကြမည် ဆိုပါက    အားလုံးပျက်စီးဆုံးရှုံးမှုရလဒ်သာရှိပြီး ညီညာဖြဖြ ဆောင်ရွက်ကြပါလျှင် အားလုံးအကျိုးရှိ မည် ဖြစ်သည်။

 


စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်အရေးကြီးပုံ

စစ်မှန်သော   ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ နှစ်ပရိစ္ဆေဒရှည်လျားစွာ   တစ်မြေတည်းနေတစ်ရေ တည်းသောက်၊  တစ်အူထုံ့ဆင်း တိုင်းရင်းသားလူမျိုး အချင်းချင်း မရှိအတူ၊  ရှိအတူ၊  အေးအတူ၊  ပူအမျှ ချစ်ခင်ရင်းနှီးစွာ   ပူးပေါင်းနေထိုင်လိုသည့် တစည်း တလုံးတည်းသော မျိုးချစ်စိတ်ဓာတ်ပင် ဖြစ်သည်။

 


ပြည်ထောင်စုစိတ်ဓာတ်      ပျက်ပြားလာသည်နှင့် အမျှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါ ပြိုကွဲပြီး အချုပ်အခြာအာဏာပါ     ဆုံးရှုံးနိုင်သည်ကို      ပြည်ထောင်စုဖွား        တိုင်းရင်းသားညီအစ်ကို မောင်နှမများ   သတိချပ်ရပေမည်။   ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည်      ပြည်နယ်နှင့်တိုင်း ဒေသကြီးများဖြင့်  စုပေါင်းဖွဲ့စည်းထားသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသော ပြည်ထောင်စုတိုင်းရင်းသားများ     နေထိုင်သော   ပြည်ထောင်စုနိုင်ငံတော်ဖြစ်သည်။

 


ထို့ကြောင့်    နိုင်ငံ၏ အင်အားမှာ   ပြည်နယ်နှင့်   တိုင်းဒေသကြီးများ၏  ပေါင်းစည်းညီညွတ်မှုနှင့် မှီတင်းနေထိုင်ကြသော ပြည်ထောင်စုဖွားတိုင်းရင်း သားတို့၏ စိတ်ရောကိုယ်ပါ  ခိုင်မာသော  စည်းလုံး ညီညွတ်ခြင်းသာလျှင်      အရင်းခံပဓာနဖြစ်သည်။    တိုင်းရင်းသားစည်းလုံးညီညွတ်ခြင်း  အင်အား သည်သာ   စစ်မှန်သော   ပြည်သူ့အင်အားဖြစ်၍ ထိုစစ်မှန်သော     ပြည့်အင်အားသည်လည်း ပြည်တွင်းမှာသာ ရှိသည်။ သို့ဖြစ်ရာ  ပြည့်အင်အား ကို  ပြည်တွင်းမှာသာ  တည်ဆောက်ရယူအပ်ပေ သည်။ 

 


ပြည်တွင်းအင်အားကို    တည်ဆောက်ရာတွင် အတိတ်သမိုင်းတွင်စွဲထင်ခဲ့သော မုန်းစရာ၊  နာစရာ တို့ကို ချေဖျက်ပစ်ကြပြီး ဖြူစင်သော စိတ်ထား၊ ရိုးသားသောအတွေးအမြင်တို့ဖြင့်  တစ်ဦးကို တစ်ဦး ကောင်းကျိုးလိုလား၊  စေတနာပွားကာ၊  မေတ္တာရှေ့ ထားတွေးခေါ်လုပ်ကိုင်ကြရန်      လိုအပ်ပေသည်။ ပြည်ထောင်စုနိုင်ငံဖြစ်သည့်အလျောက် ပြည်ထောင် စုအတွင်း   မှီတင်းနေထိုင်ကြသော   တိုင်းရင်းသား များ   စည်းလုံးညီညွတ်ချစ်ကြည်မှု  စိတ်ဓာတ်(ဝါ)   စစ်မှန်သော   ပြည်ထောင်စုစိတ်ဓာတ်သည်   မရှိ မဖြစ်   လိုအပ်ပါသည်။      ထိုစိတ်ဓာတ်သည် ပြည်ထောင်စုမြန်မာနိုင်ငံအတွက်   အသက်သွေး ကြောသဖွယ် အရေးကြီးလှပါသည်။

 


တစ်တိုင်းပြည်လုံး  တစ်ပြေးညီ   ဖွံ့ဖြိုးတိုးတက် နေစေရန်  ယခုအခါ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက   ဦးတည်ချက် (၉)  ရပ်နှင့် ရှေ့လုပ်ငန်းစဉ်   (၅) ရပ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက် ပေးနေပြီဖြစ်သဖြင့်     ထိုလုပ်ငန်းစဉ်များ     ပေါက် မြောက်အောင်မြင်အောင် နိုင်ငံတော်အစိုးရဝန်ကြီး ဌာနအသီးသီးက   မနားမနေ  ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်ကိုလည်း တွေ့မြင်နေရပြီ ဖြစ်သည်။

 


ပူးပေါင်းပါဝင်ဆောင်ရွက်


တတိယအကြိမ်     သွေးချင်းတို့ရဲ့ပွဲတော်ကြီး  (၂၀၂၁)ဖွင့်ပွဲအခမ်းအနားတွင်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က     အောက်ပါ အတိုင်း လမ်းညွှန်မှာကြားခဲ့သည်-
“ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ခိုင်မာစေရေးလုပ်ငန်းစဉ်နဲ့        ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အတိုင်း  ဆောင်ရွက်ခြင်းလုပ်ငန်းများမှာ   တိုင်းရင်း သားအားလုံး၊    သက်ဆိုင်သူအားလုံးက   ပူးပေါင်း ဆောင်ရွက်ပေးကြပါ။”
“နိုင်ငံတော်မှာ     လိုအပ်လျက်ရှိတဲ့   စစ်မှန် စည်းကမ်းပြည့်ဝတဲ့   ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာလာစေရေးနဲ့  ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်အခြေခံ သည့် ပြည်ထောင်စုကြီး  ပေါ်ထွန်းလာစေဖို့အတွက် တိုင်းရင်းသားပြည်သူများအားလုံးက    ပူးပေါင်း ဆောင်ရွက်ကြပါ။”
“ တိုင်းပြည်သာယာဝပြောရေးနဲ့  စားရေရိက္ခာ ဖူလုံစေရေးအတွက်  တိုင်းရင်းသားပြည်သူအားလုံး က ပူးပေါင်းဆောင်ရွက်ကြပါ။”
“ တိုင်းရင်းသားများရဲ့    မတူကွဲပြားမှုများကို အပြန်အလှန်အသိအမှတ်ပြု  လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု     စရိုက်လက္ခဏာများ မပျောက်ပျက်အောင်    ထိန်းသိမ်းစောင့်ရှောက်  ကြပါ။”

 


အထက်ပါ   အချက်များသည်   ပြည်ထောင်စုကြီး (ပြည်ထောင်စုအမွေ)    အဓွန့်ရှည်တည်တံ့ခိုင်မြဲ ရေး၊    ပြည်ထောင်စုကြီး  ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး     အေးချမ်းသာယာ ဝပြောရေးနှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်ရှင်သန်ခိုင်မာရေးတို့အတွက်     စွဲမြဲစွာ လက်ခံထားပြီး      လုပ်ကိုင်ဆောင်ရွက်ရမည့် ပြည်ထောင်စုသားအားလုံးတို့၏  တာဝန်ဖြစ်သဖြင့် တိုင်းရင်းသားပြည်သူအားလုံးက       တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်သာ လိုပေတော့သည်။ သို့မှသာ မတူကွဲပြားမှုများကို  အပြန်အလှန်အသိ အမှတ်ပြုလေးစားလိုက်နာပြီး ဒီမိုကရေစီဖက်ဒရယ် စနစ်ကိုအခြေခံသည့်   ပြည်ထောင်စု  တည်ဆောက် ရေးကိုခိုင်မာစွာ       အကောင်အထည်ဖော်    ဆောင် ရွက်နိုင်မည်ဖြစ်သည်။

 


စစ်မှန်သော       ဒီမိုကရေစီဖက်ဒရယ်စနစ် ကို  တည်ဆောက်ရာ၌ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား    စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်   အချုပ်အခြာအာဏာ   တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးကို   ထိန်းသိမ်းစောင့်ရှောက်ကြ ရမည်  ဖြစ်သည်။

 


ထို့အပြင်    မျက်မှောက်ကာလရာစုသစ်တွင် ကိုလိုနီ    သူငယ်နာမစင်သေးသော  အင်အားကြီးနိုင်ငံ တို့သည် ၁၉ ရာစုကဲ့သို့မဟုတ်တော့ဘဲ ၎င်းတို့၏ ဗီဇလက္ခဏာအရ  တတိယနိုင်ငံများအပေါ်  ဗိုလ်ကျ စိုးမိုးရေးနှင့်  ကြီးနိုင်ငယ်ညှဉ်းဝါဒတို့ဖြင့် ၎င်းတို့ ကြိုးဆွဲရာ ကရမည့်  ရုပ်သေးရုပ်သဖွယ်ဖြစ်အောင် စီးပွားရေး၊    ငွေရေးကြေးရေး၊    အတွေးအခေါ်၊ ယဉ်ကျေးမှုစသည်တို့ဖြင့်      အဘက်ဘက်က      လွှမ်းမိုးခြယ်လှယ်လာသကဲ့သို့    အင်အားချည့်နဲ့  နေစေရေးအတွက်  နိုင်ငံအတွင်း တည်ငြိမ်အေးချမ်း မှု   ကင်းမဲ့နေအောင်၊  စည်းလုံးညီညွတ်မှု   ပြိုကွဲနေ အောင်၊      တစ်ဦးနှင့်   တစ်ဦး      သံသယအငြိုးဖြင့်   မုန်းတီးနေအောင်၊  ဘာသာ၊  သာသနာ၊  ယဉ်ကျေးမှု ပျက်စီးနေအောင်နည်းလမ်းပေါင်းစုံဖြင့်   ဆောင်ရွက် လာသည်ကို  တွေ့ကြရပေသည်။

 


ကိုလိုနီလက်သစ်ဝါဒီတို့၏  ပရိယာယ်ဝေဝုစ်ကို လျှော့မတွက်ဘဲ    မပြတ်သောအမျိုးသားရေးသတိ ဖြင့်     အဖျက်အမှောင့်    လုပ်ဆောင်မှုများကို   တိုက်ဖျက်ရင်း၊    အမျိုးသားရေးကိုယ်ခံအား အစစ်အမှန်ဖြစ်သည့်      မျိုးချစ်စိတ်ဓာတ်နှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာ စေရန်      ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးတို့ ၏   သွေးစည်းညီညွတ်သည့်   အစဉ်အလာကောင်း ကို အမြဲထာဝရတည်ဆောက်   ထိန်းသိမ်းသွားကြရ မည်ဖြစ်သည်။

 


နိဂုံးချုပ်အနေဖြင့်    လွတ်လပ်ရေးအတွက် အသက်သွေး၊ ချွေးတို့ အမြောက်အမြား  ပေးဆပ် စတေး၍            ရင်းနှီးတည်ဆောက်ထားသော  ပြည်ထောင်စုသမ္မတ      မြန်မာနိုင်ငံတော်ကြီးကို ကျွန်ုပ်တို့ ဘိုးဘွားများက ကျွန်ုပ်တို့အား အမွေအနှစ် အဖြစ် လက်ဆောင်ပေးအပ်ထားရာ ထိုပြည်ထောင်စု  သမ္မတမြန်မာနိုင်ငံတော်တည်းဟူသော   ဘိုးဘွား အမွေအနှစ်ကို အသက်နှင့်ထပ်တူ ချစ်ခင်မြတ်နိုးပြီး အမြဲတည်တံ့နေစေရန်  အသက်ပေး၍ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းသွားကြရပါမည်။   

 


 “တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ   တို့ပြေ၊     တို့မြေ၊
    များလူခပ်သိမ်း  ငြိမ်းချမ်းစေဖို့   ခွင့်တူညီမျှဝါဒ ဖြူစင်တဲ့ပြေ၊ တို့ပြေ၊ တို့မြေ၊ 
ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ၊ အဓိဋ္ဌာန် ပြုပေ၊ ထိန်းသိမ်းစို့လေ”         ဟူသော      မြန်မာ့အသံ ရေဒီယိုမှ     နေ့စဉ် နံနက်တိုင်း၌     ထုတ်လွှင့်ပေးလျက် ရှိသည့် နိုင်ငံတော်သီချင်း (ခြေဆင်း) ဖြင့် တိုက်တွန်း  ရေးသားတင်ပြရင်း         (၇၅) နှစ်မြောက်      စိန်ရတု ပြည်ထောင်စုနေ့ကို         ကြိုဆိုဂုဏ်ပြုလိုက်ရပါ သတည်း။     ။