လူငယ်နှင့်စာပေပွဲတော်အတွက် ပြင်ဆင်ထားမှု ပုံရိပ်များ

 

ပြန်ကြားရေးဝန်ကြီးဌာန၊   ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့  ပူးပေါင်းစီစဉ်ကျင်းပသည့်  စိန်ရတုပြည်ထောင်စုနေ့  အထိမ်းအမှတ်  လူငယ်နှင့်စာပေပွဲတော်ကို  ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ မည်သူမဆို လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။  အဆိုပါပွဲတော်တွင် ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများ ဗဟုသုတရရှိစေမည့် မြန်မာနိုင်ငံ၏ သမိုင်းဝင် စာချုပ်စာတမ်းများနှင့် မှတ်တမ်းမှတ်ရာများပြခန်း၊ စာပေတိုက်အသီးသီးက ထုတ်ဝေထားသည့် စာအုပ် စာစောင်များနှင့် စာပေပညာရှင်ကြီးများ၏ အတ္ထုပ္ပတ္တိများပြခန်း၊ ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ အသိပညာပေးပြခန်း၊ ရေကြောင်းပညာရပ်၊ လေကြောင်းပညာရပ်ဆိုင်ရာ အသိပညာပေးပြခန်းများ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ အသိပညာပေးပြခန်း၊ ပန်းချီ၊ အနုပညာပြခန်းများအပါအဝင် ပြခန်းပေါင်း ၄၀ ကျော် ခင်းကျင်းပြသမည်ဖြစ်ပြီး ပြင်ဆင်ဆောင်ရွက်ထားမှုများကို စုစည်းဖော်ပြလိုက်ပါသည်။