ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊ သင်ကြားသင်ယူမှု ကောင်းမွန်ရေးနှင့် ပညာရေးအရည်အသွေး တိုးတက်မြင့်မားရေးအတွက် ပညာရေးမိသားစုများအားလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြရမည်

မာန်အောင်   ဇန်နဝါရီ    ၂၆


ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲပိုင်းတွင်   မာန်အောင်မြို့နယ်   မိမ္မကြွယ်ရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ ရောက်ရှိပြီး  ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ်  နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်များနှင့်အညီ ကျောင်းများ ဥပဓိရုပ်ကောင်းမွန် ရေး၊ သင်ကြားသင်ယူမှု ကောင်းမွန်ရေးနှင့် ပညာရေး အရည်အသွေး တိုးတက်မြင့်မားရေးအတွက် ပညာ ရေးမိသားစုများအားလုံး ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊  ပညာရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် အမှန်တကယ် လိုအပ်နေ သောအရာများကို      ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့်  ကျောင်းသား   ကျောင်းသူများ   အမှန်တကယ် စာတတ်မြောက်၍ ပညာရေးအရည်အသွေး တိုးတက် အောင် စေတနာထား ကြိုးစားသင်ကြားပေးစေလိုပါ ကြောင်း မှာကြားသည်။ 


ထို့နောက်      ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြားမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထိုမှတစ်ဆင့်    ပြည်ထောင်စုဝန်ကြီးသည် မာန်အောင်မြို့နယ်  အခြေခံပညာ  အလယ်တန်း ကျောင်းခွဲ (ကျူ) ၊ အခြေခံပညာအလယ်တန်းကျောင်း (ပြင်ကောက်)၊ အခြေခံပညာအထက်တန်းကျောင်း (ကမား)၊   အခြေခံပညာအထက်တန်းကျောင်းခွဲ (အိုးဝ)၊ အခြေခံပညာမူလတန်းလွန်ကျောင်း စွန်းပန်း ချောင်း(အောက်)၊      အခြေခံပညာအထက်တန်း ကျောင်း(သစ်ပုံ)၊ အခြေခံပညာမူလတန်းကျောင်း (ကျူပေကုန်း)၊ အခြေခံပညာအထက်တန်းကျောင်း (ဇရပ်ကုန်းခင်)၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (ဘူးရေမျက်)၊ အခြေခံပညာမူလတန်းလွန်ကျောင်း (ဘုရားကြီးကုန်း)၊ အခြေခံပညာမူလတန်းကျောင်း(ကုန်းခင်)၊   အခြေခံပညာအထက်တန်းကျောင်း (ဆင်နားချောင်)၊   အခြေခံပညာမူလတန်းကျောင်း (တောထူ)ကျောင်းများသို့  ကျောင်းသား ကျောင်းသူ များ အေးချမ်းစွာပညာသင်ကြားနေမှုများကို ကြည့်ရှု အားပေးကာ ဆရာ ဆရာမများ၏  သင်ကြားရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာများ ပိုမိုကောင်းမွန်စွာ ဆောင်ရွက် နိုင်ရေးအတွက်    လိုအပ်ချက်များ    ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်