
နေပြည်တော် ဇန်နဝါရီ ၂၆
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားနှင့် မြန်မာနိုင်ငံ လူရွှင်တော်အသင်း (ဗဟို) တို့ ပူးပေါင်းပြီး “စိန်ရတု ပြည်ထောင်စု လူရွှင်တော်ဖလား” လူရွှင်တော်ပြိုင်ပွဲ ပွဲစဉ် (၄) ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၉ ရက် (စနေနေ့) ည ၈ နာရီ သတင်း အပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ MRTV HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ဟာသ မင်္ဂလာရွှေဆိုင်းတော် အဖွဲ့ တီးခတ်မှုနှင့်အတူ လူရွှင်တော် များဖြစ်ကြသည့် သော်တာ၊ ဇီးကွက်၊ ဝါဂွမ်းနှင့် ချစ်သူတို့က ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံထုတ်လွှင့် ခြင်းကို ဖေဖော်ဝါရီ ၂ ရက် (ဗုဒ္ဓဟူးနေ့) မွန်းလွဲပိုင်း ၁ နာရီခွဲ National News အင်္ဂလိပ် ဘာသာသတင်း အစီအစဉ်အပြီး တွင် ပြသမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို ဇန်နဝါရီ ၈ ရက်မှ ဖေဖော်ဝါရီ ၅ ရက် အထိ ပွဲစဉ် ၅ ပွဲကို အပတ်စဉ် စနေနေ့ညတိုင်းနှင့် ဖေဖော်ဝါရီ ၉ ရက်နှင့် ၁၀ ရက် ညတို့အပြင် ဖေဖော်ဝါရီ ၁၂ ရက် (စနေနေ့) ညပိုင်းတွင် ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်