မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် စလင်းမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ တက်ရောက်

 

မကွေး     ဇန်နဝါရီ     ၂၆


မကွေးတိုင်းဒေသကြီး   မင်းဘူး ခရိုင် စလင်းမြို့ ပေါင်းနားရပ်ကွက် ပြည်သူ့ဆေးရုံဝင်း    အတွင်းရှိ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အခမ်း အနားကို ဇန်နဝါရီ ၂၅ ရက် နံနက် ၉ နာရီခွဲက ကျင်းပရာ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် နှင့်  တိုင်းဒေသကြီးဝန်ကြီးများ  တက်ရောက်ဖွင့်လှစ်ပေးသည်။

 


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်    ဦးတင့်လွင်နှင့်  တိုင်းဒေသကြီး   ဝန်ကြီးများက  (၇၅)နှစ်မြောက်       စိန်ရတု     ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့်    အောက်ဆီဂျင် စက်ရုံအား     ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကာ   တိုင်းဒေသကြီးဝန်ကြီး ချုပ်က     အောက်ဆီဂျင်စက်ကို   စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

 


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်   မကွေး တိုင်းဒေသကြီး    အစိုးရအဖွဲ့နှင့် စေတနာရှင်        အလှူရှင်များ ထည့်ဝင်လှူဒါန်းသည့်  Oxygen Plant နှင့်  အဆောက်အအုံကိုဆေးရုံအုပ်ကြီးထံ     လွှဲပြောင်း ပေးအပ်ကာ  Oxygen Plant နှင့် အဆောက်အအုံကို  လှည့်လည် ကြည့်ရှုသည်။

 


ထို့နောက်    တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်        အဖွဲ့သည် ဆိပ်ဖြူမြို့သို့ ရောက်ရှိပြီး (၇၅)နှစ်မြောက်   စိန်ရတုပြည်ထောင်စု နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့်      မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုဦးစီး ဌာနရုံး အဆောက်အအုံသစ်အား တိုင်းဒေသကြီး        ဝန်ကြီးချုပ် ဦးတင့်လွင်၊      တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊     တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်း ခင်နှင့်     တိုင်းဒေသကြီး      ဘေး အန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုဦးစီး ဌာန   ညွှန်ကြားရေးမှူး  ဒေါ်ထွေး ကြည်တို့က   ဖဲကြိုးဖြတ်  ဖွင့်လှစ် ပေးပြီး ရုံးဆိုင်းဘုတ်အား အမွေး နံ့သာရည်များပက်ဖျန်းပေးသည်။

 


ထိုမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် (၇၅)နှစ်မြောက်  စိန်ရတုပြည်ထောင်စု နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့်   ဆောင်ရွက်သည့် ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက် သစ်တောရုံးလမ်း ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက   ကွန်ကရစ်လမ်း အား ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။


မောင်ညီညာ