ယခုနှစ်ကျင်းပမည့် ပြည်ထောင်စုနေ့အခမ်းအနားသည် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဖြစ်သည်နှင့်အညီ နိုင်ငံတော်အဆင့် ဆောင်ရွက်ရမည့် အခမ်းအနားကြီးတစ်ခုဖြစ်

သက်ဆိုင်ရာ ဆပ်ကော်မတီများအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်

 

နေပြည်တော်     ဇန်နဝါရီ     ၂၅


၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး  အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကျင်းပရေး    ဗဟိုကော်မတီဥက္ကဋ္ဌ၊    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊   ဒုတိယဝန်ကြီးချုပ်    ဒုတိယ  ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

 
တက်ရောက်


အစည်းအဝေးသို့  ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်      ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ   အတွင်းရေးမှူး၊   ဆပ်ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကျန် ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ်က                                


အမှာစကားပြောကြားရာတွင်  (၇၅)နှစ်မြောက်  စိန်ရတု  ပြည်ထောင်စုနေ့ကို    အနှစ်သာရနှင့်     အဓိပ္ပာယ်ပြည့်ဝစွာ ကျင်းပနိုင်ရေး စီမံဆောင်ရွက်  လျက်ရှိရာ  ရန်ကုန်မြို့တော်ခန်းမ၌ ၂၀၁၆ ခုနှစ် ကတည်းက ရပ်နားထားခဲ့သည့် ပြည်ထောင်စုအလံ ကို ရန်ကုန်မှ နေပြည်တော်သို့ သယ်ယူမည့် အခမ်း အနားလည်း ပါရှိမည်ဖြစ်ကြောင်း၊ (၇၅) နှစ်မြောက်  စိန်ရတု  ပြည်ထောင်စုနေ့ကို  ဂုဏ်ပြုကြိုဆိုကြ မည့်  ယာဉ်များနှင့်ပတ်သက်၍     သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်   ပြည်နယ်အစိုးရအဖွဲ့များအလိုက် တက်တက်ကြွကြွ    ကြိုးပမ်းဆောင်ရွက်နေကြမှု များနှင့် အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ကြမည့်      တစ်ဦးချင်းစီ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများမှာ လည်း  အားရဖွယ်တွေ့မြင်ရပါကြောင်း၊ တစ်နည်း အားဖြင့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အကြိုလှုပ်ရှားမှုများသည်  ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုစွမ်းအားကို ဖော်ပြလျက်ရှိသည့်  အားရဖွယ်မြင်ကွင်းဖြစ်နေပါကြောင်း။
ယခုနှစ်ကျင်းပမည့် ပြည်ထောင်စုနေ့ အခမ်းအနား သည် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားဖြစ်သည်နှင့်အညီ နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ဆောင်ရွက်ရမည့် အခမ်းအနား ကြီးတစ်ခုဖြစ်သည့်အတွက်         သက်ဆိုင်ရာ ဆပ်ကော်မတီများအနေဖြင့်     ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို စနစ်တကျ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း။ 


ဦးစားပေးဆွေးနွေး


ယနေ့   အစည်းအဝေးတွင်   လုပ်ဆောင်ရန် ကျန်သည်များကို ဦးစားပေးဆွေးနွေးကြပြီး ဆုံးဖြတ် ပေးရမည့်အချက်များကို ချက်ချင်းဆုံးဖြတ်နိုင်ရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြား သည်။


ရှင်းလင်းတင်ပြ


ထို့နောက် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့  ဂုဏ်ပြုအခမ်းအနား  ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဂုဏ်ပြုအခမ်းအနားကျင်းပ  ရေးကော်မတီ၏      လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ (၇၅)နှစ်မြောက် စိန်ရတု  ပြည်ထောင်စုနေ့  ကျင်းပရေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊     နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က စီမံခန့်ခွဲမှုကော်မတီ ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက် ဆောင်ရွက်မည့်     အစီအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ 


ဖြည့်စွက်မှာကြား


ထို့နောက် လုံခြုံရေးဆပ်ကော်မတီ၊ ကြိုဆိုနေရာ ချထားရေး၊   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဆပ်ကော်မတီ၊ သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် နေရာ ချထားရေးဆပ်ကော်မတီ၊     အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်း ရေးကော်မတီ  အတွင်းရေးမှူး၊  ယဉ်ကျေးမှုအဖွဲ့ များ  တည်းခိုနေထိုင်ရေးနှင့်  ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ၊ နိုင်ငံတော်အလံတင်အခမ်းအနား  စီစဉ်ရေးဆပ်ကော်မတီ၊       မြေစိုက်ပိုစတာများ စိုက်ထူရေးဆပ်ကော်မတီ၊  ညစာစားပွဲဖျော်ဖြေရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ပြန်ကြား ရေးဆပ်ကော်မတီ၊ ညစာစားပွဲ ခင်းကျင်းကျွေးမွေး ရေးဆပ်ကော်မတီ၊ စာရင်းစစ်ဆေးရေးဆပ်ကော်မတီ နှင့် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့်   တာဝန်ရှိသူများက  သက်ဆိုင်ရာ ကဏ္ဍများအလိုက်  ရှင်းလင်းတင်ပြကြရာ  ဗဟို ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများက ဖြည့်စွက် ရှင်းလင်းတင်ပြကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊    ဒုတိယဝန်ကြီးချုပ်က ဆပ်ကော်မတီအလိုက် လိုအပ်သည်များကို ဖြည့်စွက် မှာကြားသည်။


ယင်းနောက်  ၂၀၂၂ ခုနှစ်  (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး   အစည်းအဝေးကို  ရုပ်သိမ်းလိုက် ကြောင်း သိရသည်။  

                
သတင်းစဉ်