ပုဗ္ဗသီရိမြို့နယ်၌ မီးလောင်မှုဖြစ်ပွား နေအိမ်ငါးလုံး မီးလောင်ဆုံးရှုံး

 

 

နေပြည်တော်  ဇန်နဝါရီ  ၂၅
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၌ ဇန်နဝါရီ ၂၄ ရက်က   ထင်းမီးဖိုမှတစ်ဆင့်  မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ်ငါးလုံး မီးလောင်ဆုံးရှုံး ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ  ဇန်နဝါရီ   ၂၄   ရက်  ညနေ ၄   နာရီ  ၁၅  မိနစ်က   ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ကျေးရွာအုပ်စု သာယာဝှမ်း ကျေးရွာနေ ဦးမင်းသူ(၃၂)နှစ်၏ နေအိမ်မီးဖို ချောင်ရှိ  ထင်းမီးဖိုမှတစ်ဆင့်  မီးလောင်မှု ဖြစ်ပွားကြောင်း   သတင်းအရ  ပုဗ္ဗသီရိမြို့ နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ တိုင်းမီးသတ် ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များက   မီးသတ်ယာဉ်  ငါးစီး၊ ရေသယ်ယာဉ်   သုံးစီးတို့ဖြင့်  သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ နာရီဝက်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဦးမင်းသူ နေအိမ်နှင့်အနီးရှိ နေအိမ် လေးလုံး မီးလောင်ဆုံးရှုံးခဲ့သဖြင့်          ဦးမင်းသူအား ကျည်တောင်ကန်နယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား