
နေပြည်တော် ဇန်နဝါရီ ၂၅
မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၄ နာရီ ၄၅ မိနစ်တွင် ဘားအံမြို့နယ် ရွှေတော ကျေးရွာအုပ်စု ရွှေတော ကျေးရွာအနီး ဘားအံ-ဇာသပြင်သွားကားလမ်းတွင် ဇော်ကိုကိုဦး မောင်းနှင်ပြီး သန်းစိန် (ခ) ကျားကြီး လိုက်ပါလာသည့် CRV အမျိုးအစား မော်တော်ယာဉ် ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း။
ထို့အတူ ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် ပြည်ကြီးတံခွန်မြို့နယ် (စ)ရပ်ကွက် ၅၈ လမ်းနှင့် ၁၂၅ လမ်းထောင့်ရှိ လက်ဖက်ရည် ဆိုင်တွင် မြင့်ဦးအား မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေ ရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀ ကိုလည်းကောင်း။
အလားတူ မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၃ ရက် ည ၉ နာရီခွဲတွင် တာချီလိတ်မြို့ ရန်အောင် မြေရပ်ကွက် ပါလျှံ(၂)ရပ် အိမ်အမှတ်(ပလ ၂-၀/၈၉)ရှိ အားဆို့ (ခ) ဘောဟာယာ ငှားရမ်းနေထိုင်သည့် နေအိမ် အခန်းအမှတ် (၆) သို့ ဝင်ရောက်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၃၄၀၀၀ ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
ရဲပြန်ကြား