မျှော်လင့်ရင်ခုန်နေမိသည့်  လူငယ်နှင့်စာပေပွဲတော်


 

အနာဂတ်နိုင်ငံတော်၏ အဖိုးတန်ရတနာကလေးလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် “လူငယ်နှင့်စာပေပွဲတော်” ကို ပြန်ကြားရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ်  ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ  နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သည်။
“လူငယ်နှင့်စာပေပွဲတော်”  တွင်   ဓာတ်ပုံပြခန်း များ၊    စာအုပ်စာစောင်များ၊     ကလေးစာဖတ်ခန်းများ၊ ရှေးဟောင်းကျောက်စာပြခန်းများ၊     လေကြောင်း ပညာရပ်ဆိုင်ရာ  သရုပ်ပြသခြင်းများ၊  အားကစား လှုပ်ရှားမှုပြခန်းများ၊       ကာတွန်းဓာတ်ပုံပြခန်းများ၊  ပို့ဆောင်ရေးနှင့်       ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊  သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန၊     ကျန်းမာရေးဝန်ကြီးဌာနတို့မှ    ပြခန်းများ ခင်းကျင်းပြသခြင်းနှင့်     မြန်မာနိုင်ငံရဲတပ်ဖွဲ့   ယာဉ် စည်းကမ်းထိန်းသိမ်းရေးပြခန်းများလည်း    ပါဝင် ပြသမည်  ဖြစ်သည်။
ထို့ပြင် ပွဲတော်သို့လာရောက်ကြသည့် ကလေး ငယ်များအတွက်     ကလေးငယ်တစ်ဦးချင်း     ပြိုင်ပွဲ များအဖြစ်  စကားပုံဆက်၊  အရုပ်ဆက်၊  ဆေးရောင် ခြယ်၊   အိမ်ဆောက်ကစားခြင်း၊   အဖွဲ့လိုက်ပြိုင်ပွဲများ၊  ဖျော်ဖြေပွဲများဖြင့်     စည်ကားသိုက်မြိုက်စွာ   ကျင်းပ သွားမည်ဖြစ်ကြောင်း  သိရသည်။
မကြာမီကျင်းပတော့မည့်     “လူငယ်နှင့်စာပေ ပွဲတော်” တွင်  ပါဝင်ဆင်နွှဲနေကြမည့်   ဆရာ   ဆရာမ များ     ကျောင်းသား     ကျောင်းသူလေးများ၏    မျှော်လင့်ရင်ခုန်သံ   စကားများကို     ဖော်ပြလိုက် ပါသည်။   
ဒေါ်ယုယုကြည် (ကျောင်းအုပ်ကြီး ) 
အ.ထ.က (၁)၊   ပျဉ်းမနား 
လူငယ်နှင့်စာပေပွဲတော်      ကျင်းပတော့မယ်လို့ သိရတယ်။ ယနေ့ ကျောင်းသားလူငယ်တွေ သမိုင်း ကြောင်းအဆက်ဆက် စာပေတွေကို ပြသမယ်ဆိုရင် လည်း ဒါကိုသေသေချာချာ စူးစူးနစ်နစ် လေ့လာ မယ့် ကလေးဆိုရင် ကျွန်မတို့ရဲ့သမိုင်းမှတ်တမ်းတွေ သိမယ်။ စိတ်ဝင်စားသွားမယ်။ စိတ်ဝင်စားသွားရင် ဂိမ်းကိုစွဲလမ်းတဲ့  လူငယ်တွေဆိုရင်    ဂိမ်းဆော့တာ  လျော့ပါးသွားမယ်။    နောက်ပြီး    ဒီပွဲတော်မှာ  ပြိုင်ပွဲလေးတွေရှိတယ်လို့  ကြားတယ်။  
ဒီပွဲတော်ကြီး   ကျင်းပပေးတဲ့အတွက်   ကလေး တွေမှာ  အတွေးအမြင် လေးတွေ  မှန်လာလိမ့်မယ်။  သုတ၊  ရသစာပေတွေ လေ့လာလို့ရတဲ့အခါကျတော့    စာပေဗဟုသုတတွေလည်း       အများကြီးတိုးပွား လာမယ်။    အခုဆိုရင်   ကျောင်းသား  ကျောင်းသူ လေးတွေ    စာပေပွဲတော်ကြီးကို    လေ့လာခွင့်ကြုံပြီ။    တစ်နိုင် တစ်ပိုင်ကိုယ်လည်း      ဉာဏ်စမ်းချင်တယ်ဆိုရင်        ကိုယ့်ရဲ့ဉာဏ်ရည်  ဉာဏ်သွေးကို   စမ်းလို့ရတယ်။ ဆုတွေလည်းရမယ်။ 
လူငယ်နှင့်စာပေပွဲတော်မှာ  ဆရာမတို့ကျောင်း အနေနဲ့ ထာဝရမြန်မာသီချင်းနဲ့    တေးသရုပ်ဖော်    ပါဝင်ဖျော်ဖြေပါမယ်။   ဒီပွဲတော်မှာ    လူငယ်တွေ   သွားရောက်လေ့လာရတဲ့အတွက်       အသိပညာ ဗဟုသုတတွေ တိုးပွားစေတယ်။       ဒီလိုပွဲတော်ကြီးကို အများကြီးအကုန်အကျခံပြီး   ကျင်းပပေးတဲ့အတွက် အဆင့်ဆင့်သော    တာဝန်ရှိသူတွေကို  ကျေးဇူးတင်ပါ တယ်။
ဒေါ်မိုးသူ (အလယ်တန်းပြ) 
အ.ထ.က (၅)၊ ပျဉ်းမနား
လူငယ်နှင့်စာပေပွဲတော်မှာ      ကျွန်မတို့ကျောင်း အနေနဲ့  ကျောင်းသူလေးတွေက  အကအလှတွေနဲ့ ပါဝင်ဖျော်ဖြေသွားမှာ    ဖြစ်ပါတယ်။     လူငယ်တွေ အတွက်    ရည်ရွယ်ပြီးတော့   ကျင်းပတဲ့   လူငယ်နှင့် စာပေပွဲတော်ကို ကျွန်မတို့ကိုယ်တိုင်ပဲ ပါဝင်ဆင်နွှဲခွင့် ရတယ်။  ကျွန်မတို့ရဲ့   တပည့်လေးတွေလည်း ပါဝင် ဆင်နွှဲခွင့်ရတဲ့အတွက်      ဒီစာပေပွဲတော်ဖြစ်မြောက် အောင်     ကျင်းပပေးတဲ့     တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။   ကျွန်မကိုယ်တိုင်လည်း    ဒီလို ပါဝင်ခွင့်ရတဲ့အတွက်     ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီပွဲတော်ကြီးမှာ  လူငယ်တွေအတွက်ကို   ပြခန်းတွေ   ပြသမယ်လို့လည်း     သိရပါတယ်။    ဒီခေတ်   လူငယ် တွေက   အချိန်အများစုမှာ  အွန်လိုင်းမှာပဲ အချိန်ကုန် နေကြတာ    များနေပါတယ်။    စာပေဖတ်ရှုတာ  အင်မတန်မှ  အားနည်းနေပါတယ်။    အခုဒီလို စာပေပွဲတော်တွေ   ကျင်းပပေးတဲ့အတွက်  ကလေး တွေမှာ စာပေဖတ်ရှုတဲ့ အကျင့်လေးတွေ ပြန်ပြီးတော့ ရသွားမယ်လို့လည်း   မျှော်လင့်ပါတယ်။  စာဖတ်ဖို့ အတွက်လည်း    ပိုပြီးတော့   တွန်းအားဖြစ်လာလိမ့် မယ်လို့ ထင်ပါတယ်။
 ဒီလိုပွဲတော်မျိုးကို   ကျောင်းသား  လူငယ်တွေ အတွက်    အခါအားလျော်စွာ   တစ်နှစ်ကို နှစ်ကြိမ် လောက် ကျင်းပပေးနိုင်ရင်ပိုပြီးတော့ ကောင်းမယ် ထင်ပါတယ်။    ကျွန်မတို့ မြို့နယ်တွေမှာဆိုရင်လည်း   ခမ်းခမ်းနားနားကြီး      မဟုတ်တောင်   ကလေးတွေ အတွက်     ပွဲတော်လေးတွေ      ကျင်းပပေးမယ်ဆိုရင်   လူငယ်တွေဟာ စာဖတ်ခြင်းမှာပိုပြီးတော့  မွေ့လျော် လာမယ်။  စိတ်ဝင်စားလာမယ်လို့ ထင်ပါတယ်။
ဒေါ်ဝေမာလှိုင်  (အလယ်တန်းပြ)  
အ.ထ.က(၁)၊ ပျဉ်းမနား
လူငယ်နှင့်စာပေပွဲတော်အတွက်    ပြည်ထောင်စု တိုင်းရင်းသားအကမှာ  ကျောင်းသား   ကျောင်းသူ လေး          အဆင်ပြေပြေဖျော်ဖြေနိုင်ဖို့အတွက် ကြီးကြပ်ရေး တာဝန်ယူထားပါတယ်။ ဒီပွဲတော်ကြီး ကျင်းပပေးတဲ့အတွက်    လူငယ်တွေ   တစ်ဦးနဲ့တစ်ဦး အသိပညာတွေ    ဖလှယ်မိပြီးသားလည်း  ဖြစ်သွားပါ တယ်။    ဗဟုသုတတွေ    အများကြီးရမယ်။  စာပေနဲ့ ပတ်သက်ပြီး ပိုပြီးရင်းနှီးလာမယ်။ စာပေကို ပိုပြီး စိတ်ဝင်စားလာမယ်။    အခုလို   ပွဲတော်ကြီးကို     ပြုလုပ်ပေးတဲ့အတွက်    ခုခေတ်လူငယ်တွေ ကြားက  အွန်လိုင်းဂိမ်းကစားမှုကို     လျှော့ချသွားနိုင်မယ်။     ပွဲတော်ကိုလာရောက်လေ့လာကြတဲ့      လူငယ် တွေရဲ့စိတ်မှာ       စာပေကိုချစ်မြတ်နိုးတဲ့စိတ်တွေ အရင်ကထက်ပိုပြီး မြင့်တက်လာမယ်လို့ ထင်မိပါ တယ်။
မမိုးပြည့်ပြည့်နိုင် (Grade(9)) 
အ.ထ.က (၅)၊ပျဉ်းမနား
 သမီးက         လူငယ်နှင့်စာပေပွဲတော်မှာ တိုင်းရင်းသားရိုးရာ     ဝတ်စုံတွေဝတ်ဆင်ပြီး    ကပြ ဖျော်ဖြေ သွားမှာဖြစ်ပါတယ်။  ဒီပွဲတော်က သမီး အတွက်တော့   ပထမဆုံးကြုံတွေ့ဖူးမှာပေါ့။  အဲဒီ အတွက် ပျော်လည်းပျော်မိတယ်။ ဂုဏ်လည်းဂုဏ်ယူ မိတယ်။ ကျောင်းပိတ်ရက်   အားလပ်ချိန်တွေမှာတော့ စာအုပ်စာပေတွေလေ့လာဖြစ်တယ်။     ဖတ်ဖြစ်ပါ တယ်။ လူငယ်နှင့်စာပေပွဲတော် ကျင်းပပေးတဲ့အတွက် လူငယ်တွေလည်း       စာဖတ်ဝါသနာပါလာပြီးတော့ အသိပညာတွေ    ကြွယ်ဝလာမယ်လို့    မျှော်လင့်မိပါ တယ်။
မ L-ဆန်းဂျာနူး (Grade(9)) 
အ.ထ.က (၅)၊ပျဉ်းမနား
သမီးက  လူငယ်နှင့်စာပေပွဲတော်မှာ ဖျော်ဖြေရေး ကဏ္ဍမှာ  ပါဝင်ပါတယ်။  လူငယ်နှင့်စာပေပွဲတော် ဆိုတာ   သမီးရဲ့ဘဝမှာ  ဒါကပထမဦးဆုံး  အကြိမ်ပါ ပဲ။    ပထမဆုံးအကြိမ်မှာလည်း   ပါဝင်ဆင်နွှဲပြီး ဖျော်ဖြေရမှာဖြစ်တဲ့အတွက်     အလွန်ဂုဏ်ယူရပါ တယ်။    ပွဲတော်ကြီးမှာ   စာအုပ်  စာပေတွေလည်း ပြသမှာဖြစ်တယ်လို့   သိရတဲ့အတွက်  သွားရောက် လေ့လာရမှာကို ပျော်ရွှင်နေပါတယ်။
မောင်သက်ဝေယံစိုး၊ (Grade(8))၊   
အ.ထ.က (၁)၊ ပျဉ်း မနား
လူငယ်နှင့်စာပေပွဲတော်မှာ       ကျွန်တော်က တိုင်းရင်းသားအကနဲ့ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ ဒီပွဲတော်ကြီးမှာ ပါဝင်ဆင်နွှဲရတော့မှာ ဖြစ်တဲ့အတွက် ပျော်ပါတယ်။ ဒီပွဲတော်ကြီးကနေ ဗဟုသုတများစွာ လည်းရမယ်လို့  မျှော်လင့်ပါတယ်။ ဒီလိုပွဲတော်ကြီးမှာ ပါဝင်ဆင်နွှဲရမယ်လို့ တစ်ခါမှလည်း မမျှော်လင့်ထားပါဘူး။ပွဲတော်ရောက်ရင်   အားကစားပြိုင်ပွဲတွေမှာပါဝင်ကစားရမယ်၊     စာပေတွေလေ့လာရမယ်၊    လေကြောင်းပညာရပ်တွေ    သိရှိခွင့်ရတော့မယ် ဆိုတော့   ဝမ်းသာဂုဏ်ယူမိတယ်။
မပန်းမြတ်သီတာအောင် (Grade(10))၊ 
အ.ထ.က (၅)၊ ပျဉ်းမနား
သမီးက         လူငယ်နှင့်စာပေပွဲတော်မှာ တိုင်းရင်းသားအကနဲ့ဖျော်ဖြေမှာ   ဖြစ်ပါတယ်။ လူငယ်နှင့်စာပေပွဲတော်ကို   ပါဝင်ဆင်နွှဲရတော့မှာဖြစ်တဲ့အတွက် ပျော်ရွှင်မိတယ်။ ဒီလိုပွဲတော်မျိုးကို သမီးက    အခုမှကြုံဖူးမှာဆိုတော့    ပိုပြီးရင်ခုန် နေမိတယ်။       ပွဲတော်မှာ     ဂိမ်းကစားနည်းတွေလည်း ပါမယ်။    စာအုပ်စာပေတွေလည်း  လေ့လာရမယ်။ ဒါ့အပြင် တခြားဗဟုသုတရစရာ လေ့လာစရာပြခန်း၊ ပြကွက်တွေလည်း  ပါဝင်မှာဆိုတော့  သမီးတို့အတွက် လေ့လာစရာတွေ၊   အသိပညာဗဟုသုတ   ရစရာတွေ များမယ်လို့ ထင်ပါတယ်။ ဒီအတွက်ကြောင့် ဒီပွဲတော် ကြီးမှာ  သမီးတို့လို  လူငယ်လူရွယ်တွေကို  ပြောချင် ပါတယ်။ လာရောက်လေ့လာကြပါလို့လည်း ဖိတ်ခေါ် ချင်ပါတယ်။
မပိုးအိအိချို (Grade(9))
 အ.ထ.က (၁)၊ပျဉ်းမနား
သမီးက   ဒီပွဲတော်မှာ    ထာဝရမြန်မာသီချင်းနဲ့ ကပြဖျော်ဖြေမယ့်အဖွဲ့မှာ   ကပြဖျော်ဖြေမှာ ဖြစ်ပါ တယ်။ သမီးဒီလိုမျိုးပွဲတော်ကြီးကို  တစ်ခါမှမကြုံဖူး သေးပါဘူး။ ဒီပွဲတော်က သမီးတို့ လူငယ်တွေအတွက် အများကြီးအထောက်အကူဖြစ်ပြီး ဗဟုသုတရလိမ့် မယ်လို့မျှော်လင့်ပါတယ်။ ဒီပွဲတော်မှာ သမီးစိတ်ဝင် စားတဲ့    စာအုပ်တွေကိုဝယ်မယ်။    ပြခန်းတွေကို လေ့လာမယ်။ ပွဲတော်ကို လာရောက်ကြတဲ့ လူငယ် တွေအတွက်    ပြိုင်ပွဲတွေစီစဉ်ထားတယ်ဆိုတော့ အဲဒီပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ စိတ်ကူး ထားပါတယ်။                စိုင်းထွန်းနေလှိုင်(ဒက္ခိဏ)