နယ်စပ်ရေးရာဝန်ကြီးဌာနမှ မွန်ပြည်နယ်အတွင်းရှိ  ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်း


 

နေပြည်တော်   ဇန်နဝါရီ    ၂၅ 
နယ်စပ်ရေးရာ    ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်    တိုင်းရင်းသား လူမျိုးများ     ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မွန်ပြည်နယ် အတွင်း ဘုန်းတော်ကြီးကျောင်း များရှိ သံဃာတော်များ  ဆွမ်းကွမ်း   အဆင်ပြေစေရေးအတွက်   ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊  ပဲ အမယ် လေးမျိုး    ဆက်ကပ်     လှူဒါန်း လျက်ရှိသည့်အပြင်     ကိုဗစ်-၁၉  ရောဂါ ကာကွယ်ကုသရေးအတွက် ကျန်းမာရေး   အထောက်အကူပြု ပစ္စည်းများ၊ အင်အားဖြည့် အစား အစာများကိုလည်း     ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။
ထိုသို့ထောက်ပံ့     လှူဒါန်း လျက်ရှိရာ  မွန်ပြည်နယ် လုံခြုံ ရေးနှင့်    နယ်စပ်ရေးရာဝန်ကြီး      ဗိုလ်မှူးကြီး  နေထွဋ်ဦးနှင့်  မွန် ပြည်နယ်  ဖွံ့ဖြိုးမှုကြီးကြပ်ရေး ရုံးမှ ညွှန်ကြားရေးမှူး ဦးဉာဏ်မျိုး   တို့သည်      ယနေ့နံနက်ပိုင်းတွင်  မော်လမြိုင်မြို့  ဝဲပျံစာသင်တိုက်    ဆရာတော်ကြီးထံသို့       နယ်စပ် ရေးရာဝန်ကြီးဌာနမှ       ပေးပို့ လှူဒါန်းသော  ဆွမ်းဆန်တော်၊    ဆီ၊  ဆားနှင့်  ပဲများ  ဆက်ကပ် လှူဒါန်းကြောင်း သိရသည်။          
သတင်းစဉ်