
နေပြည်တော် ဇန်နဝါရီ ၂၅
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့နံနက် ၁၁ နာရီ တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ) သို့ ရောက်ရှိပြီး တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)၊ နည်းပညာ တက္ကသိုလ် (တောင်ငူ) နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (တောင်ငူ) သို့ ရောက်ရှိရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးတို့က ကျောင်းဆိုင်ရာ ကိစ္စရပ်များ ကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်များမှ ဒေသအကျိုးပြုဆောင်ရွက်နေမှု များနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်၊ သိပ္ပံ၊ ကျောင်းများ၏ သင်ကြားသင်ယူမှု ဆောင်ရွက်နိုင်မှုအခြေအနေများ၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ စက်ပစ္စည်းများ၊ သင်ထောက်ကူ ပစ္စည်းများနှင့် စာကြည့်တိုက်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်