
နေပြည်တော် ဇန်နဝါရီ ၂၅
ရခိုင်ပြည်နယ်၏ စိုက်ပျိုးမွေးမြူရေးအခြေခံသော ကုန်ထုတ်လုပ်မှုစွမ်းအား ပြည့်ဝရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့် ပြည်နယ်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
စီးပွားဖြစ် စိုက်ပျိုး
ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်၏ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု မျှော်မှန်းအထွက် ရာနှုန်းပြည့်မီ ရေး၊ အရည်အသွေးကောင်း အထွက်နှုန်းကောင်း သီးနှံမျိုးများ ပြောင်းလဲအသုံးပြုနိုင်ရေး၊ မိုးများဒေသ ဖြစ်၍ ရေထုတ်မြောင်းများ ကုန်ထုတ်လမ်းများ ပါဝင်သည့် စနစ်ကျလယ်မြေများ ဖော်ထုတ်လုပ်ကိုင် ရေး၊ လယ်ယာသုံးစက်ကိရိယာပြုပြင်၊ ထိန်းသိမ်း၊ မောင်းနှင်ခြင်းသင်တန်းများ ဖွင့်လှစ်ပေးရေး၊ ပုဂ္ဂလိကလယ်ယာသုံးစက်ကိရိယာ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရေးကိစ္စရပ် များကိုလည်းကောင်း၊ စပါးအပြီး ဆီထွက်သီးနှံ သို့မဟုတ် ပဲသီးနှံကို ဒုတိယသီးနှံအဖြစ် သီးထပ် စိုက်ပျိုးနိုင်ရေး၊ ပြည်တွင်း ပြည်ပ ဈေးကွက်ရှိနေ သည့် နှစ်ရှည်သီးနှံ အုန်း၊ သီဟိုဠ်သရက်၊ ဥယျာဉ်ခြံ သီးနှံနှင့် မြေပြန့်ကော်ဖီများကို စီးပွားဖြစ် စိုက်ပျိုး လုပ်ကိုင်လာစေရန် အားပေးဆောင်ရွက်ရေး၊ ဒေသ နှင့်ကိုက်ညီပြီး အလားအလာရှိသည့် ငါး၊ ပုစွန်နှင့် ကဏန်းပျော့ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ရေး၊ သဘာဝကဏန်းများ မျိုးသုဉ်းမှု မဖြစ်စေရေးအတွက် သားဖောက်မျိုးထိန်းရေး၊ တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေးခြင်း အလေ့အထ ထွန်းကားလာရေးနှင့် နွား၊ ဆိတ်မွေးမြူမှု ဖွံ့ဖြိုး လာရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း။
ဆွေးနွေးခဲ့ကြ
လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးအသုံးပြု နိုင်မှု အခြေအနေပေးသည့်နေရာများ ရွေးချယ်၍ ကုန်ချောထုတ်လုပ်သည့် စီးပွားရေးဇုန်များ တည်ထောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်း ကောင်း၊ ကျောက်တော် စိုက်ပျိုးရေး သိပ္ပံကျောင်းတွင် မွေးမြူရေးဒီပလိုမာ ဖွင့်လှစ်ရေး စီမံဆောင်ရွက် လျက်ရှိသကဲ့သို့ ဒေသတွင်း လိုအပ်လျက်ရှိသော ငါးလုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းနှင့် လယ်ယာလုပ်ငန်းသုံး စက်မောင်းစက်ပြင်သင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ငါးဖမ်း ရေယာဉ်များ စောင့်ကြည့်ထိန်းချုပ်ရေးဌာနခွဲ သို့ ရောက်ရှိကြပြီး ဆိုက်ရောက်၊ ထွက်ခွာခြင်း၊ ပင်လယ်ပြင်ငါးဖမ်းဆီးခြင်း စသည့်ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ၏ လှုပ်ရှားသွားလာ လုပ်ကိုင် နေမှုများကို တည်ဆဲဥပဒေများ၊ ညွှန်ကြားချက်များ နှင့်အညီ ဖြစ်စေရေး စောင့်ကြည့်ထိန်းချုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ General Food Technology Industry Co.,Ltd ၏ ဂျပန်၊ ဥရောပ နှင့် ဩစတြေးလျနိုင်ငံ ဈေးကွက်များသို့ တင်ပို့နေ သော အရည်အသွေးမြင့် ပုစွန်နှင့် ကင်းမွန်ကိုအခြေခံ သည့် တန်ဖိုးမြင့် အသင့်စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးအားပေးခဲ့ ကြောင်း သိရသည်။ သတင်းစဉ်