ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ


 

နေပြည်တော် ဇန်နဝါရီ ၂၅
ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၃၁)နှစ်မြောက်  နှစ်ပတ်လည်နေ့  အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့    ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယ ဝန်ကြီး  ဦးရဲတင့်၊   အမြဲတမ်းအတွင်းဝန်   ဦးမျိုး မြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသ ကြီး / ပြည်နယ်ဦးစီးမှူးများနှင့် အရာထမ်း၊ အမှုထမ်း များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် များမှဒုတိယညွှန်ကြားရေးမှူးများနှင့် ခရိုင်ဦးစီးမှူး များက အွန်လိုင်းမှ တက်ရောက်ကြသည်။
ဂုဏ်ပြုတေးသီချင်းဖြင့် ဖွင့်လှစ်
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်း အနားကို ပြန်/ဆက်ရောင်ခြည် ထာဝစဉ်တောက်ပ နေမည် ဂုဏ်ပြုတေးသီချင်းဖြင့် ဖွင့်လှစ်သည်။
ထို့နောက်   ပြည်ထောင်စုဝန်ကြီး   ဦးမောင် မောင်အုန်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ဌာနတစ်ခုအနေဖြင့် ခိုင်ခိုင်မာမာ ရပ်တည်လျှောက်လှမ်းလာခဲ့သည်မှာ  (၃၁)နှစ် ရှိခဲ့ ပြီဖြစ်ပါကြောင်း၊  ယခုကဲ့သို့  ဌာနကြီးတစ်ခုအဖြစ် ခိုင်ခိုင်ခံ့ခံ့  ရပ်တည်နိုင်ရန်မှာ ဌာနကို ဦးဆောင် ဦးရွက်ပြုနေသူများ၊ တာဝန်အသီးသီးကို ထမ်းဆောင် နေကြသည့်  ဝန်ထမ်းများ၏ တက်ညီလက်ညီဖြင့် စည်းလုံးညီညွတ်မှုကြောင့် ဖြစ်ပါကြောင်း။
ကြီးမားသော ကွန်ရက်ကြီးတစ်ခုဖြစ်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သည် တစ်နိုင်ငံလုံးတွင် တိုင်းဒေသကြီး၊  ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် မြို့ရုံးပေါင်း   ၄၂၇ ရုံးဖြင့် ဖွဲ့စည်း ထားသည့်  ကြီးမားသော ကွန်ရက်ကြီးတစ်ခုဖြစ်ပါ ကြောင်း၊  ပြန်ကြားရေးဝန်ကြီးဌာန၏   အဓိက လုပ်ငန်းတာဝန်ကြီး သုံးရပ်ဖြစ်သည့် သတင်းအချက် အလက်များဖြန့်ဝေပေးခြင်း၊  အသိပညာပေးခြင်းနှင့် ဖျော်ဖြေပေးခြင်း  လုပ်ငန်းတာဝန်များကို  ခေတ်မီ သစ်လွင်သည့် အစီအစဉ်များဖြင့်  ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိပါကြောင်း။
ဘက်ပေါင်းစုံမှ  ဖြန့်ကြက်စီမံဆောင်ရွက်
လက်ရှိတွင်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအပါ အဝင် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိဌာနများ အားလုံးကို   နုပျိုသစ်လွင်သော   မီဒီယာဖြစ်စေရန်၊      ပြည်သူများအကြား  ပြည်သူ   ယုံကြည်၊   စိတ်ချ၊ အားကိုးရသော    မီဒီယာတစ်ခု     ဖြစ်လာစေရန်   ဘက်ပေါင်းစုံမှ  ဖြန့်ကြက်စီမံဆောင်ရွက်လျက်ရှိပါ ကြောင်း။   
၂၀၂၂ ခုနှစ် နှစ်သစ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၏ ဖွဲ့စည်း ပုံအသစ်နှင့်အတူ ဝန်ကြီးဌာနနှင့်   ဦးစီးဌာန၏  လုပ်ငန်းများ   ပိုမို တိုးတက်လာအောင်  လုပ်ဆောင်သွားရန်၊  ဝန်ထမ်း အားလုံး စည်းလုံးညီညွတ်စွာဖြင့် သတင်းအမှန်များ ပိုမိုပျံ့နှံ့ အောင် အားစိုက်ခွန်စိုက် လုပ်ဆောင်သွားရန် မှာကြားလိုပါကြောင်း  ပြောကြားသည်။
ယင်းနောက်  ပြည်ထောင်စုဝန်ကြီး   ဦးမောင် မောင်အုန်းက  ၂၀၂၁ ခုနှစ်အတွင်း   ခရိုင်အလိုက် သတင်းပေးပို့ဖော်ပြခံရမှု   အများဆုံး  ပထမဆုရရှိ သည့် ညောင်ဦးခရိုင်ရုံး၊ ဒုတိယဆုရရှိသည့် ဘားအံ ခရိုင်ရုံး၊ တတိယဆုရရှိသည့် မော်လမြိုင်ခရိုင်ရုံးနှင့် အထူးဆုရရှိသည့် မောင်တောခရိုင်ရုံး၊ ကျောက်ဆည် ခရိုင်ရုံး၊ မကွေးခရိုင်ရုံး၊ မိတ္ထီလာခရိုင်ရုံး၊ မင်းဘူးခရိုင် ရုံးတို့အတွက် ဆုများပေးအပ်ချီးမြှင့်ပြီး ရာထူးတိုးမြှင့် ခန့်အပ်ခံရသူများအား   ခန့်အပ်လွှာများ    ပေးအပ် ချီးမြှင့်သည်။
ဆုများပေးအပ် ချီးမြှင့်
ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က၂၀၂၁ခုနှစ် အတွင်း မြို့နယ်အလိုက် သတင်းပေးပို့ဖော်ပြခံရမှု အများဆုံး  ပထမဆုရရှိသည့်    ပွင့်ဖြူမြို့နယ်ရုံး၊ ဒုတိယဆု ရရှိသည့် သီပေါမြို့နယ်ရုံး၊ တတိယဆုရရှိ သည့် မိုင်းယောင်းမြို့နယ်ရုံးနှင့် အထူးဆုရရှိသည့် နမ္မတူမြို့နယ်ရုံး၊   နောင်ချိုမြို့နယ်ရုံး၊  နတ်မောက် မြို့နယ်ရုံး၊  လှိုင်းဘွဲမြို့နယ်ရုံး၊ တနင်္သာရီ မြို့နယ်ရုံး နှင့် ကိုဗစ်-၁၉ သတင်းဆိုင်ရာ သတင်းအရည်အသွေး အကောင်းဆုံးဆုရရှိသူများအား   ဆုများပေးအပ် ချီးမြှင့်သည်။
ယင်းနောက်   အမြဲတမ်းအတွင်းဝန်    ဦးမျိုး မြင့်မောင်က ၂၀၂၁ ခုနှစ်အတွင်း ပြည်သူ့စာကြည့် တိုက်တွင်   Facebook Page   အသိပညာပေး လုပ်ငန်းအများဆုံး   လွှင့်တင်ဆောင်ရွက်နိုင်မှုဆု ပထမဆုရရှိသည့် ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်း ကျွန်းရုံးနှင့် ငါန်းဇွန်မြို့နယ်ရုံး၊ ဒုတိယဆု ရရှိသည့် ကျောက်ဆည်ခရိုင်ရုံးနှင့် လှိုင်းဘွဲမြို့နယ်ရုံး၊ တတိယ ဆုရရှိသည့် ဘားအံခရိုင်ရုံးနှင့် ရှမ်းရွာသစ်မြို့ရုံးတို့ အတွက် ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍   ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများ  အများဆုံး ဆောင်ရွက်နိုင်မှုဆု ရရှိသူ များ၊   ကိုဗစ် - ၁၉ ကာကွယ်ရေး၊ ပြည်သူအားလုံး ပါဝင်ပေး        ရောင်စုံဓာတ်ပုံပြိုင်ပွဲဆု     ရရှိသူများ၊ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ၊  ကိုဗစ် - ၁၉ ကပ်ရောဂါ   လက်တွဲညီညာတိုက်ဖျက်ပါ နှင့်   လှပ သာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံပြိုင်ပွဲဆု ရရှိသူ များ၊   ထူးချွန်ဆုရဝန်ထမ်းများ၊    စီမံထူးချွန်ဆု၊ ဝန်ထမ်းထူးချွန်ဆု၊ စွမ်းဆောင်ရည်ဆု၊ အနုပညာ၊ ဂီတ၊   ပြည်သူ့ဝန်ထမ်းကောင်း  ဆုရရှိသူများအား  ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ကျေးဇူးတင်စကား ပြောကြား
ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်း ဗီဒီယိုကို ပြသပြီး   ဆုရရှိသူများကိုယ်စား အရာထမ်း တစ်ဦးက    ကျေးဇူးတင်စကား    ပြောကြားကာ  အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။      သတင်းစဉ်