
နေပြည်တော် ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံမြို့နယ်သမဝါယမအသင်းစုက ကော်ဖီသီး များ ဝယ်ယူကြိတ်ခွဲဖြန့်ဖြူးလျက်ရှိရာ ရွာငံမြို့နယ် အတွင်းရှိ ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်းမှ အသင်းသားတောင်သူများသာမက ဒေသခံ ကော်ဖီစိုက်တောင်သူများပါ မြို့နယ်သမဝါယမ အသင်းစုသို့ လာရောက်ရောင်းချလျက်ရှိသည်။
မြို့နယ်သမဝါယမအသင်းစုအနေဖြင့် ယခုနှစ် ကော်ဖီရာသီချိန်အတွင်း ကော်ဖီသီး တန်ချိန် ၁၅၀ ခန့် ဝယ်ယူရန် လျာထားခဲ့သော်လည်း ယနေ့အထိ ကော်ဖီတန်ချိန် ၁၆၄ တန်ခန့် ဝယ်ယူပြီးဖြစ်ကြောင်း နှင့် ကော်ဖီသီးစျေးနှုန်း ကောင်းမွန်မှုကြောင့် ကော်ဖီစိုက်တောင်သူများ ယခင်နှစ်များထက် ဝင်ငွေကောင်းမွန်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်