တရားမဝင်ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများ အသိပညာပေးဆွေးနွေး

 

ဖျာပုံ   ဇန်နဝါရီ   ၂၁


ဧရာဝတီတိုင်းဒေသကြီး  ဖျာပုံ မြို့နယ်တွင်      ခရိုင်တရားမဝင် ကုန်သွယ်မှု       တိုက်ဖျက်ရေး အထူးအဖွဲ့မှ    ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များအား   စားသုံးသူ ကာကွယ်ရေး    လုပ်ငန်းများ၊ အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အခွန်ပညာပေးလုပ်ငန်း များအကြောင်း   အသိပညာပေး ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၀ ရက်က ဖျာပုံခရိုင်  အထွေထွေအုပ်ချုပ်ရေး    ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


ဆွေးနွေးပွဲတွင်   ဖျာပုံခရိုင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့    ဥက္ကဋ္ဌ ၊    ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့     ဥက္ကဋ္ဌ ၊     ဦးနေဝင်းက          အမှာစကား     ပြောကြားပြီး၊      အထူးအဖွဲ့မှ   အတွင်းရေးမှူးနှင့်   အဖွဲ့ဝင်များက         စားသုံးသူ ကာကွယ်ရေးလုပ်ငန်း များနှင့် ပတ်သက်သည့်   ဥပဒေ ဆိုင်ရာများကို   လည်းကောင်း၊    အခွန်အမျိုးအစားများနှင့်   ပတ် သက်သည်များကိုလည်းကောင်း၊   တရားမဝင်သစ်နှင့်  သစ်တော ထွက်ပစ္စည်းများ         သယ်ယူ ရွှေ့ပြောင်းခြင်း   လက်ဝယ်ထား ရှိခြင်းဆိုင်ရာ   သစ်တောဥပဒေ ဆိုင်ရာများကို    လည်းကောင်း  ရှင်းလင်း              ဆွေးနွေးကြရာ  တက်ရောက်လာကြသော   လုပ်ငန်းရှင်များက      သိရှိလိုသည် များကို             မေးမြန်းကြပြီး      သက်ဆိုင်ရာ  တာဝန်ရှိသူများက   ပြန်လည်   ရှင်းလင်းပြောကြား သည်။


အောင်ဝင်းနိုင်(ပြန်/ဆက်)