တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ (၁/၂၀၂၂) အစည်းအဝေးကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ   ၂၁


တိုင်းရင်းသားရေးရာ၊   ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှုနှင့်   ဝန်ဆောင်မှု ရေးရာကော်မတီ   (၁/၂၀၂၂) အစည်းအဝေးကို   ယနေ့နံနက် ၁၀  နာရီတွင်      နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး  အစည်းအဝေးခန်းမ၌  ကျင်းပ သည်။ 

 


အစည်းအဝေးသို့   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့်      ဗိုလ်ချုပ်ကြီး မြထွန်းဦး၊     စောဒန်နီယယ်နှင့် ဒေါက်တာ          ဗညားအောင်မိုး၊ ပြည်ထောင်စုဝန်ကြီးများ  ဖြစ်ကြ သည့်    ဦးချစ်နိုင်၊      ဦးကိုကို၊ ဒေါက်တာ     မျိုးသိန်းကျော်၊ ဒေါက်တာ သက်သက်ခိုင်၊ ဦးစော ထွန်းအောင်မြင့်၊  ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ     တက်ရောက် ကြသည်။

 


အစည်းအဝေးတွင် တိုင်းရင်း သားရေးရာ၊ ပြည်သူ့ရေးရာ စီမံ ခန့်ခွဲမှုနှင့်    ဝန်ဆောင်မှုရေးရာ ကော်မတီဥက္ကဋ္ဌ    နိုင်ငံတော်စီမံ အုပ်ချုပ်ရေး         ကောင်စီဝင် ကာကွယ်ရေး        ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက   အဖွင့်အမှာစကား ပြောကြားသည်။

 


ထို့နောက်   ကော်မတီအတွင်း ရေးမှူး ဒုတိယဝန်ကြီး   ဦးဇော် အေးမောင်က      ယခင်အပတ် အစည်းအဝေး   အမှတ်စဉ် (၁၈/ ၂၀၂၁) အစည်းအဝေးဆုံးဖြတ်ချက် များနှင့်      ဆောင်ရွက်ထားရှိမှု အခြေအနေများကို    ရှင်းလင်း တင်ပြသည်။ 

 


ယင်းနောက်    အစည်းအဝေး သို့      တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ မျိုးသိန်းကျော်၊ အမြဲတမ်းအတွင်း ဝန်များနှင့်   တာဝန်ရှိသူများက ကော်မတီသို့  ပြည်ထောင်စုဝန်ကြီး ဌာနများမှ      ပေးပို့တင်ပြလာ သော         အမှာစာကိစ္စရပ်များ ကို         သက်ဆိုင်ရာ      ကဏ္ဍများ အလိုက်         ဆွေးနွေးတင်ပြကြ သည်။ 

 


ဆက်လက်၍ ကော်မတီဥက္ကဋ္ဌ  က ပြည်ထောင်စုဝန်ကြီးဌာနများမှ တင်ပြလာသော အမှာစာကိစ္စရပ် များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့     အစည်းအဝေးသို့ ဆက်လက်တင်ပြရန်  သို့မဟုတ် တိုင်းရင်းသားရေးရာ၊    ပြည်သူ့ ရေးရာစီမံခန့်ခွဲမှုနှင့်   ဝန်ဆောင်မှု ရေးရာကော်မတီ၏ အဆုံးအဖြတ် ဖြင့်            ဆောင်ရွက်ရန်တို့ကို အတည်ပြုပေးသည်။ 

 


ထို့နောက်   ပညာရေးဝန်ကြီး ဌာန  ဒုတိယဝန်ကြီး ဦးဇော်ဝင်း က  ကော်မတီ၏    ၁၆/ ၂၀၂၁ အစည်းအဝေးတွင်      တင်ပြ ဆွေးနွေးချက်ဖြစ်သော သဘာဝ ဘေးအန္တရာယ် မိုးကြိုးပစ်ခြင်းနှင့် လျှပ်စီး  စီးဝင်ခြင်း    မရှိစေရန် မိုးကြိုးလွှဲများ  တပ်ဆင်ထားခြင်း မရှိသော ကျောင်းများတွင် မိုးကြိုး လွှဲများ      တပ်ဆင်ထားရှိရန်နှင့် စပ်လျဉ်း၍     ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်း တင်ပြသည်။

 


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်  စောဒန် နီယယ်၊    ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊  ဒေါက်တာသက်သက်ခိုင်၊ ဦးစောထွန်းအောင်မြင့်နှင့် ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီးတို့ က တိုင်းရင်းသားရေးရာ ကိစ္စရပ် များ၊ ပြည်သူ့ရေးရာ  စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ  ကိစ္စရပ်များကို သက်ဆိုင်ရာ    ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ   ကော်မတီ ဥက္ကဋ္ဌ က ဖြည့်စွက်ဆွေးနွေးသည်။ 

 


ယင်းနောက် ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီး မြထွန်းဦးက      နိဂုံးချုပ် အမှာစကား       ပြောကြားပြီး    အစည်းအဝေးကို          ရုပ်သိမ်းလိုက်  သည်။       

 သတင်းစဉ်