
နေပြည်တော် ဇန်နဝါရီ ၂၀
တပ်မတော်(ရေ)အရာရှိငယ် (စီမံ ခန့်ခွဲရေး)သင်တန်း အမှတ်စဉ် (၈၁)နှင့် တပ်မတော်(ရေ)အရာရှိ ငယ် (အင်ဂျင်နီယာ) သင်တန်း အမှတ်စဉ်(၅၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင် တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေး ဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပ ရာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မိုးအောင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တပ်မတော် (ရေ)မှ အရာရှိကြီးများ၊ ရန်ကုန် တပ်နယ်နှင့် သန်လျင်တပ်နယ် တို့မှ တပ်မတော်အရာရှိကြီးများ နှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။
ဦးစွာ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက စစ်ရေးပြ ကွင်းအတွင်း ချီတက်နေရာယူကြ ပြီး နိုင်ငံတော်အလံအား အလေး ပြုကြသည်။
ယင်းနောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျ ကျော်ထင်မိုးအောင်က ကျောင်း ဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲ များ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်း တပ်ခွဲနှင့် ဂုဏ်ပြု တပ်ခွဲများကို စစ်ဆေးသည်။
ထို့နောက် ကျောင်းဆင်း တပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေးဦးစီးချုပ် (ရေ) ကို အနှေးလျှောက်၊ အမြန်လျှောက် ဖြင့် ချီတက်အလေးပြုကြသည်။
ဆက်လက်၍ ကာကွယ်ရေး ဦးစီးချုပ်(ရေ)က တပ်မတော်(ရေ)အရာရှိငယ်(စီမံခန့်ခွဲရေး)သင်တန်း အမှတ်စဉ်(၈၁)မှ အကောင်းဆုံး ကျောင်းသားဆုရ ဗိုလ်ထွန်းဝေယံ နှင့် ရေကြောင်းပညာစာပေထူးချွန် ဆုရ ထင်အောင်လင်းတို့အား လည်းကောင်း၊ တပ်မတော်(ရေ)အရာရှိငယ် (အင်ဂျင်နီယာ)သင်တန်းအမှတ်စဉ် (၅၅) မှ အကောင်းဆုံး ကျောင်းသားဆုရ တာရာဖြိုးနှင့် ရေကြောင်းအင်ဂျင် နီယာပညာ စာပေထူးချွန်ဆုရ သန့်ဇင်ဝင်းတို့ကို လည်းကောင်း ထူးချွန်ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျ ကျော်ထင်မိုးအောင်က သင်တန်း ဆင်းမိန့်ခွန်း ပြောကြားရာတွင် “သင်တန်းဆင်း အရာရှိများကို သင်တန်းကာလအတွင်းမှာ နိုင်ငံ တကာရေတပ် စံနှုန်းများနှင့်အညီ ရေကြောင်းဆိုင်ရာပညာရပ်များ၊ ရေတပ်စက်မှုလက်မှု ပညာရပ် များကို စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ပြီးဖြစ်၍ လုပ်ငန်း ခွင်မှာ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်နှင့် စစ်ရေ ယာဉ်များ၌ တွဲဖက်ပြီး ဆက်လက် လေ့ကျင့် သင်ကြားပေးသွားမည် ဖြစ်ကြောင်း၊ လုပ်ငန်းခွင် လက်တွေ့လေ့ကျင့်မှုများပြီးဆုံး ချိန်တွင် သတ်မှတ် အရည်အချင်း ပြည့်မီသူများကို စစ်ရေယာဉ်များ တွင် စတင်တာဝန်ပေးအပ်သွား မည်ဖြစ်ကြောင်း၊ ထိုက်သင့်သော လုပ်သက်နှင့် လုပ်ငန်းအတွေ့ အကြုံရရှိပြီးချိန်တွင် အထူးပြု ဘာသာရပ်ဆိုင်ရာ သင်တန်း (Specialize Course) များကို ထပ်မံတက်ရောက် လေ့ကျင့် သင်ကြားရမည်ဖြစ်ကြောင်း။
တပ်မတော်(ရေ)သည် မြန်မာ နိုင်ငံ၏ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခြင်းဖြစ်ပြီး ခေတ် အဆက်ဆက် ပေါ်ပေါက်ခဲ့သော ပြည်တွင်းသောင်းကျန်းမှုအန္တရာယ် နှင့် ပြည်ပခြိမ်းခြောက်မှုများကို တပ်မတော်(ကြည်း)၊ တပ်မတော် (လေ)တို့နှင့်အတူ ပူးပေါင်းတွန်း လှန်ဖယ်ရှားနိုင်ခဲ့သည့် အစဉ် အလာကောင်းများ ရှိကြောင်း၊ တပ်မတော်(ရေ)ကို စတင်ဖွဲ့စည်း စဉ်က စစ်ရေယာဉ်အနည်းငယ်သာ ပိုင်ဆိုင်ခဲ့သော်လည်း ယနေ့အချိန် တွင် ဖရီဂိတ်စစ်ရေယာဉ်များအထိ ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲ တည်ဆောက် လာနိုင်ခဲ့ပြီး တိုက်ခိုက်ရေးရေငုပ် သင်္ဘောများအပါအဝင် ကုန်းရေ နှစ်သွယ် ဘက်စုံသုံးစစ်ရေယာဉ် ကြီးများကိုပါ ပိုင်ဆိုင်သည်အထိ တိုးတက် ဖွဲ့စည်းလာနိုင်ပြီဖြစ် ကြောင်း၊ ခေတ်မီစစ်ရေယာဉ်များ ကို တိုးတက်ဖွဲ့စည်းနိုင်ခဲ့သဖြင့် ပင်လယ်ပြင်စစ်ဆင်ရေးတာဝန် များအား အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နိုင်ခဲ့သည့် ရေတပ် အဖြစ်မှ ယခုအချိန်တွင် သီးသန့် စီးပွားရေးဇုန်နှင့် ပင်လယ်ပြင် နယ်နိမိတ်တစ်လျှောက် စိုးမိုး ထိန်းချုပ်နိုင်သည့် ရေတပ်အဖြစ် ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း၊ တပ်မတော်(ရေ) တည်ဆောက်မှု နှင့်ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က “နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရန်အတွက် အကောင်းဆုံးသော အာမခံချက် ဟာ စွမ်းရည်ထက်မြက်သည့် ကာကွယ်ရေးအင်အားစု တည် ဆောက်ပိုင်ဆိုင်ခြင်းပဲဖြစ်တယ်၊ ဒီလိုအဆင့်မြှင့်တင် တည်ဆောက် ရာမှာ တပ်မတော်(ရေ)ကို ပထမ အဆင့်၊ ဒုတိယအဆင့်၊ တတိယ အဆင့်ဟူ၍ ရည်ရွယ်တည်ဆောက် ခဲ့တယ်၊ ပထမအဆင့်အနေနဲ့ မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွား ရေးဇုန်အထိ အပြည့်အဝအကာ အကွယ်ပေးနိုင်ဖို့အတွက် သုံးဖက် မြင် စစ်ဆင်နိုင်စွမ်းရှိတဲ့ (Three Dimensional Combat Ready Navy) အဖြစ်မျှော်မှန်းပြီး တည် ဆောက်ခဲ့ရာမှာ ရေငုပ်သင်္ဘော တပ်ဖွဲ့ ဖွဲ့စည်းနိုင်ဖို့၊ စစ်ရေယာဉ် များ တည်ဆောက်ဖြည့်တင်းနိုင်ဖို့၊ လူသားအရင်းအမြစ်များ ပိုမို တိုးတက် ကောင်းမွန်အောင် ဖြည့် တင်းဆောင်ရွက်နိုင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ လိုက်လျော ညီထွေဖြစ်အောင် အဆင့်ပေါင်း များစွာ၊ ကဏ္ဍပေါင်းများစွာ စဉ်းစားပြီးတော့ ပြင်ဆင်ဆောင် ရွက်ခဲ့ကြောင်း”ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်က ပြုလုပ်ခဲ့ သည့် တပ်မတော်(ရေ) စစ်ရေ ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတွင် မိန့်ကြားခဲ့ ကြောင်း၊ ခေတ်မီစစ်ရေယာဉ်များ နှင့် ယခုကဲ့သို့ မျှော်မှန်းချက်ထား တည်ဆောက်လျက်ရှိသဖြင့် ပညာ ရပ်ပိုင်းဆိုင်ရာအလိုက် ကျွမ်းကျင် ပိုင်နိုင်အောင် လေ့လာလေ့ကျင့် သွားရန်နှင့် လက်အောက်မှ စစ်သည်များကိုလည်း လေ့ကျင့် ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)၏ စွမ်းရည်မြင့် မားလာသည်နှင့်အမျှ နိုင်ငံတော် အား ပင်လယ်ပြင်မှကျူးကျော်မှု မှန်သမျှကို ရှေ့တန်းကျကျခုခံ ကာကွယ်ရန်၊ နိုင်ငံတော်၏ ရေ ကြောင်း အကျိုးစီးပွားများကို ကာကွယ် စောင့်ရှောက်ရန်နှင့် (ကြည်း/ ရေ/ လေ) ပူးပေါင်း စစ်ဆင်ရေး ဆင်နွှဲနိုင်စွမ်းရှိရန် ဆိုသည့် တပ်မတော် (ရေ) ၏ ရည်မှန်းချက်တာဝန်များကို ပိုမို ထိရောက်စွာ ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း၊ တပ်မတော်(ရေ)အနေဖြင့် မျှော်မှန်းချက်အမြင် နှင့် ရည်မှန်းချက်တာဝန်များကို ထိရောက်အောင်မြင်စွာဆောင်ရွက် နိုင်ရန် စစ်ရေးကဏ္ဍ၊ တရားဥပဒေ စိုးမိုးရေးကဏ္ဍ၊ သံတမန်ရေးရာ ကဏ္ဍနှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး ကဏ္ဍဆိုသည့် ကဏ္ဍကြီး(၄)ရပ် မှာ စွမ်းရည်ပြည့်ဝစွာ တာဝန် ထမ်းဆောင်နိုင်ရေး ဦးတည် ဆောင်ရွက်လျက် ရှိကြောင်း၊ တပ်မတော်(ရေ)အနေနှင့် ရည် မှန်းချက်(၇)ရပ် ချမှတ်ဆောင် ရွက်လျက်ရှိသလို ရည်မှန်းချက် တာဝန်များ အောင်မြင်ရန်အတွက် စိတ်ဓာတ်နှင့် စည်းကမ်းသည် အတူတွဲပြီး ပြုမူကျင့်ကြံနေထိုင် ရသည်ဖြစ်သဖြင့် စိတ်ဓာတ်၊ စည်းကမ်းကောင်းအောင် လေ့ကျင့် မွေးမြူကြဖို့လိုကြောင်း၊ အမှား အမှန် ဝေဖန်ပိုင်းခြားနိုင်ရန် တွေးခေါ်မျှော်မြင်နိုင်ရန်အတွက် ဗဟုသုတပြည့်စုံကြွယ်ဝရန်လိုအပ် ပြီး “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အမြဲ ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ယနေ့ဖြစ်ပွားနေ သည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးနှင့် ကုသရေးလုပ်ငန်းများတွင် တတ်စွမ်းသရွေ့ ဝိုင်းဝန်းကူညီ ပေးနိုင်ရေး ကြိုတင်မျှော်တွေး ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း၊ ပင်လယ်ပြင်လုံခြုံရေး တာဝန် ထမ်းဆောင်နိုင်ရန် နိုင်ငံတကာ ရေကြောင်းဥပဒေများနှင့် ပြည် တွင်းရေကြောင်းဥပဒေများကိုပါ သိရှိလိုက်နာရမည့်အပြင် စစ်ပွဲ ဆိုင်ရာဥပဒေ (Law of Armed Conflict) နှင့် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း (Rules of Engage-ment) များကိုလည်း သိရှိ လိုက်နာ ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း၊ ရေတပ်ပညာ ကျွမ်းကျင်ထက်မြက်ပြီး စွမ်းရည် ၃ ရပ် အမြဲပြည့်စုံအောင် ကြိုးပမ်း လေ့ကျင့်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ဒို့တာဝန် အရေး သုံးပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံ တော်လုံခြုံရေးနှင့် မြန်မာ့ပင်လယ် ပြင် သီးသန့်စီးပွားရေးဇုန်အထိ အပြည့်အဝ ကာကွယ်နိုင်ရေး အတွက် သုံးဖက်မြင်စစ်ဆင်နိုင် စွမ်းရှိသည့် တိုက်ပွဲဝင်အသင့် ရေတပ် (Three Dimensional Combat Ready Navy) အဖြစ် တည်ဆောက်ရာတွင် ရဲဘော် ရဲဘက်စိတ်အပြည့်နှင့် တက်ညီ လက်ညီ ဆောင်ရွက်သွားကြရန် လိုကြောင်း” ပြောကြားခဲ့သည်။
ယင်းနောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ)သည် ကျောင်းဆင်း တပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေး ပြအခမ်းအနားမှ ပြန်လည်ထွက် ခွာသည်။ အခမ်းအနားအပြီးတွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် အခမ်းအနားသို့ တက်ရောက် လာသော အရာရှိကြီးများသည် ကျောင်းဆင်းအရာရှိများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်