တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်နှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်    ဇန်နဝါရီ   ၁၉


တပ်မတော်  (ကြည်း၊  ရေ၊ လေ) အရာရှိ၊    စစ်သည်၊     အရာထမ်း၊ အမှုထမ်းများနှင့်    စေတနာရှင် အလှူရှင်များက      မြို့နယ် အသီးသီးရှိ     ဘုန်းတော်ကြီး ကျောင်းများ၊    သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့်  ဘာသာ ရေးကျောင်းများသို့     ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး နှင့်  လှူဖွယ်ပစ္စည်းများ   လှူဒါန်း ခြင်း၊   နေ့ဆွမ်းများ   ဆက်ကပ် လှူဒါန်းခြင်းနှင့်    ကျန်းမာရေး စစ်ဆေးပေးခြင်းများကို  ဆောင် ရွက်လျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်       ကချင်ပြည်နယ် ပူတာအိုမြို့နယ်     ဇေယျသိဒ္ဓိ ဘုန်းတော်ကြီးကျောင်း၊     ချမ်းမြေ့ ဂုဏ်ဝေသီလရှင်ကျောင်း၊ ရန်ကုန် တိုင်းဒေသကြီး  မင်္ဂလာဒုံမြို့နယ် ပလရရပ်ကွက်ရှိ   ရာကျော်စိတ္တိ သုခတပ်ဦးပရိယတ္တိ  စာသင်တိုက်၊ မှော်ဘီမြို့နယ်  သန္ဓေပင်ကျေးရွာ ရှိ   သိင်္ဂီဦးပရိယတ္တိစာသင်တိုက်၊ ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့ ဒက္ခိဏာရာမပရိယတ္တိ    စာသင် တိုက်၊    ပုသိမ်မြို့  လေဆိပ်တပ်ဦး စာသင်တိုက်၊      ရခိုင်ပြည်နယ် အမ်းမြို့   ဒိုင်ကြီးဘုန်းတော်ကြီး ကျောင်း၊        ဘူးသီးတောင်မြို့ အောင်မင်္ဂလာ    ဘုန်းတော်ကြီး ကျောင်း၊  မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်    ဓမ္မရက္ခိ တအင်းတော်ကျောင်းတိုက်တို့ရှိ ဆရာတော်၊   သံဃာတော်များနှင့် သာသနာ့နွယ်ဝင်     သီလရှင်များ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊  နဝကမ္မ အလှူ ငွေများ၊      ကိုဗစ်-၁၉   ရောဂါ ကာကွယ်ရေး   အထောက်အကူပြု ပစ္စည်းများ၊    နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို   သက်ဆိုင် ရာ    တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့်   တာဝန်ရှိသူများ က သွားရောက်ဆက်ကပ် လှူဒါန်း ကြသည်။

 


အလားတူ    ကချင်ပြည်နယ် ပူတာအိုမြို့နယ်ရှိ      ခရစ်ယာန် ဘာသာရေး       အသင်းတော်များ၊ ရိုးရာစာပေနှင့်    ယဉ်ကျေးမှု အသင်းအဖွဲ့များကို  မြောက်ပိုင်း တိုင်း    စစ်ဌာနချုပ်   တိုင်းမှူး ဗိုလ်မှူးချုပ်    မြတ်သက်ဦးနှင့် အဖွဲ့ဝင်များက   ယနေ့နံနက်ပိုင်း တွင်   ပူတာအိုတပ်နယ်ရှိ   ဧည့် ခန်းမဆောင်၌     သွားရောက် တွေ့ဆုံ၍        လိုအပ်သည်များ ကို   ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ   ပေးအပ် ထောက်ပံ့ခဲ့ကြောင်း    သတင်း ရရှိသည်။

 

သတင်းစဉ်