မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေး ကျင်းပ

နေပြည်တော်   ဇန်နဝါရီ     ၁၈ 


မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ်  အစည်းအဝေးကို  ယနေ့နံနက် ၁၀ နာရီတွင်    စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၂)  အစည်းအဝေးခန်းမ၌  Zoom Meeting ဖြင့်   ကျင်းပရာ  ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊  စာရင်းကောက်ယူ ရေးလုပ်ငန်းကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီမှ      ကိုယ်စားလှယ်များနှင့်   တာဝန်ရှိသူများ တက်ရောက်ကြသည်။ 


အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာ နိုင်ငံ   ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်း   ညှိနှိုင်းအစည်းအဝေး      ဆုံးဖြတ်ချက်များအပေါ် စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီနှင့် သက်ဆိုင် သည့်     တိုင်းဒေသကြီး/ပြည်နယ် ကိုးခုတွင်  ကလေး လုပ်သားဆိုင်ရာစစ်တမ်းကို ကောက်ယူ၍ စစ်တမ်း အစီရင်ခံစာများကို  အမျိုးသားကော်မတီသို့ တင်ပြ ပြီးစီးမှု၊ ၂၀၂၁-၂၀၂၂ ခု    ဘဏ္ဍာနှစ် (Mini Budget) တွင်   တိုင်းဒေသကြီး/ ပြည်နယ်များ၌    ကလေး လုပ်သားဆိုင်ရာစစ်တမ်းကောက်ယူနေမှုနှင့် ၂၀၂၂ ခုနှစ် မတ်လတွင် အမျိုးသားကော်မတီသို့ စစ်တမ်း အစီရင်ခံစာတင်ပြနိုင်ရေး ဆောင်ရွက်နေမှုအခြေ အနေများကို ရှင်းလင်းဆွေးနွေးပြီး  ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင်   စစ်တမ်းကောက်ယူရန်  ကျန်ရှိနေ သည့်    တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် လုပ်ငန်းအချိန်ဇယားရေးဆွဲ၍     နေပြည်တော်ရှိ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီသို့ ပေးပို့ တင်ပြကြရန်နှင့် တိုင်းဒေသကြီး / ပြည်နယ်များက စစ်တမ်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင်      လုပ်ငန်းကော်မတီအဖွဲ့ဝင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား သည်။


ထို့နောက်   လုပ်ငန်းကော်မတီအတွင်းရေးမှူး ဗဟိုစာရင်းအင်းအဖွဲ့      ညွှန်ကြားရေးမှူးချုပ်က စစ်တမ်းကောက်ယူရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ၊ ကောက်ယူခဲ့သောလုပ်ငန်းအမျိုးအစား များနှင့်   ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍    ရှင်းလင်းတင်ပြပြီး    သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များက      စစ်တမ်း ကောက်ယူရေးလုပ်ငန်း ဆောင်ရွက်မှုနှင့် ပတ်သက် ၍ ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။


သတင်းစဉ်