
နေပြည်တော် ဇန်နဝါရီ ၁၇
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီး ဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့ များဖြင့် သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ တောင်ငူ၊ ပြည်နှင့် သာယာဝတီခရိုင် သစ်တောကြိုး ဝိုင်းများအတွင်းရှိ တရားမဝင် ကျွန်းသစ် ၄၇ ဒသမ ၅၈၂၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၈၈၄၀၀)နှင့် သစ်မာ ၂ ဒသမ ၃၁၆၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၇၆၄၀) စုစုပေါင်း တရားမဝင် သစ်မျိုးစုံ ၄၉ ဒသမ ၈၉၈၄ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၄၃၆၀၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန၏ လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက် ရေး ဦးဆောင်ကော်မတီမှ သိရ သည်။ သတင်းစဉ်