
နေပြည်တော် ဇန်နဝါရီ ၁၇
NUG ၊ CRPH ၊ PDF အမည်ခံအကြမ်းဖက်သမားများသည် ဒေသအချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိ သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်ကြသည့် ပြည်သူအချို့အား အကြောင်းပြချက်အမျိုးမျိုးဖြင့် ခြိမ်းခြောက်၊ သတ်ဖြတ်၊ လုယက်မှုများ ကျူးလွန်လျက်ရှိသည့်အပြင် ကိုးကွယ်ဆည်းကပ်ရာဖြစ်သော သံဃာတော်များကိုပါ လုပ်ကြံသတ်ဖြတ်သည့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိကြသည်။
မီးရှို့ခံရသည့်ဒဏ်ရာများဖြင့်ပျံလွန်တော်မူ
ထိုသို့ အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့ရာ ဇန်နဝါရီ ၁၆ ရက် နံနက် ၁၀ နာရီခွဲတွင် စစ်ကိုင်း တိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဥသျှစ်ကုန်း ကျေးရွာ၊ ပန်းကုန်းသာတောတိုက်ရှိ ပန်းကုန်းသာ ဘုန်းကြီးကျောင်း၌ သီတင်းသုံးနေသည့် ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ သက်တော်(၅၅) နှစ်၊ ဝါတော်(၂၂)ဝါ ထံသို့ ဆွမ်းလာပို့သည့် ဒါယကာ/ဒါယိကာမများက ဆရာတော်အား မတွေ့ရှိရသဖြင့် လိုက်လံရှာဖွေရာ ည ၈ နာရီ မိနစ် ၅၀ တွင် အဆိုပါ ဘုန်းကြီးကျောင်း၏ အနောက်ဘက် ၂ ဖာလုံခန့်အကွာ လယ်ကွက် အတွင်း၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဓားဖြင့်ခုတ်၊ မီးဖြင့်ရှို့၍ သတ်ဖြတ်ခဲ့ခြင်းကြောင့် ခန္ဓာကိုယ် အပေါ်ပိုင်း ဓားဒဏ်ရာများနှင့် အောက်ပိုင်း တွင် မီးရှို့ခံထားရသည့် ဒဏ်ရာများဖြင့် ပျံလွန်တော် မူနေသည့် ဆရာတော်ကို တွေ့ရှိရကြောင်း သိရ သည်။
တုတ်ဖြင့်ရိုက်နှက်ဒဏ်ရာရ ပျံလွန်တော်မူ
အလားတူ ည ၉ နာရီ မိနစ် ၅၀ တွင် မုံရွာမြို့ စက်မှုဇုန်ရပ်ကွက် စိန်ပန်းလမ်းပေါ်၌ သံဃာတစ်ပါး လဲကျနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးရာ မုံရွာမြို့ လက်ဇင် အုပ်စု ရွာထောင်ဘုန်းကြီးကျောင်း၌ သီတင်းသုံးနေ သည့် ကိုရင်ကြီး ဇဝန(ခ) ငြိမ်းချမ်း (၃၈)နှစ် (ဘ) ဦးတင်ရွှေဖြစ်ပြီး ယာဘက်နားအောက် ညိုမည်း ဒဏ်ရာ၊ ဝဲမျက်ခုံးအထက် စုတ်ပြဲဒဏ်ရာ၊ နားနှင့် နှာခေါင်း သွေးထွက်ဒဏ်ရာများဖြင့် လဲကျသေဆုံးနေ သည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါ ကိုရင်ကြီးသည် ည ၉ နာရီ မိနစ် ၅၀ တွင် စိန်ပန်းနီလမ်းမပေါ်၌ တစ်ပါးတည်း လမ်းလျှောက် နေစဉ် ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သူ အမျိုးသားတစ်ဦးက တုတ်ဖြင့် ရိုက်နှက်ကာ ထွက်ပြေးသွားခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိ ပျံလွန် တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သံဃာတော် အပါး ၂၀ ပျံလွန်တော်မူ
အကြမ်းဖက်အဖွဲ့များသည် မြန်မာနိုင်ငံသား အများစု ကိုးကွယ်ရာဘာသာဖြစ်သော ဗုဒ္ဓဘာသာ၏ ရဟန်းသံဃာများကို ယခုကဲ့သို့ အကြမ်းဖက် သတ်ဖြတ်နေမှုများကို ကျူးလွန်လုပ်ဆောင်လျက် ရှိရာ ယနေ့အထိ သံဃာတော် အပါး ၂၀ သည် ၎င်းတို့ ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူခဲ့ကြရ ကြောင်းနှင့် ၇ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ရကြောင်း သိရသည်။
ဆက်သွယ်သတင်းပို့ ပူးပေါင်းဆောင်ရွက်
အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အပေါ် လိုလားထောက်ခံခြင်းမရှိသော အပြစ်မဲ့ပြည်သူများ ကိုသာမက ကိုးကွယ်ယုံကြည်ရာဖြစ်သော ရဟန်း သံဃာများကိုပင် အကြောင်းအမျိုးမျိုးပြစွပ်စွဲ၍ သတ်ဖြတ်ခြင်းများကို ကျူးလွန်လျက်ရှိသဖြင့် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက်သမား များ၏ လှုပ်ရှားမှုသတင်းများကို ရရှိပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လျှို့ဝှက်စွာ ဆက်သွယ် သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှု မရှိနိုင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားကြပါရန် သက်ဆိုင်ရာက မေတ္တာရပ်ခံသတင်းထုတ်ပြန်ထား သည်။
သတင်းစဉ်