“ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ် ထုတ်လွှင့်မည်

 

 

နေပြည်တော်   ဇန်နဝါရီ   ၁၇
မျက်မှောက်ကာလတွင်ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်   အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ  ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင်FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “ရေဦး မြို့နယ်  ပလူဇာဝတိုက်နယ်ဆေးရုံမှ  ရေဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်မည့်ဆေးဝါးများ  သယ်ဆောင်လာသည့်  လူနာတင်ယာဉ်  နှစ်စီးကို  PDF  အမည်ခံအကြမ်းဖက်သမားများက  မိုင်းဆွဲတိုက်ခိုက်မှု” ခေါင်းစဉ်ဖြင့်  ဇန်နဝါရီ ၁၉ ရက်  မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။
လာမည့်အပတ်  ဗုဒ္ဓဟူးနေ့  မွန်းလွဲ ၁ နာရီတွင်  “ကိုဗစ်-၁၉ ရောဂါဝေဒနာရှင်များ၏     အဓိက     အသက်ကယ်ဆေးဖြစ်သည့် တိုင်း‌ဒေသကြီးနှင့် ပြည်နယ်များသို့ ဖြန့်ဖြူးပေးမည့် Liguid Oxygen သယ်ဆောင်လာသည့်     မော်တော်ယာဉ်ကို   မြဝတီမြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများက အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက် သည့်ဖြစ်စဉ်” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ   ပရိသတ်များအနေဖြင့်   အပတ်စဉ်အင်္ဂါနေ့ နံနက် ၁၀ နာရီမှ  ၁၁ နာရီအတွင်း  ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊  နေရပ်လိပ်စာ၊  အလုပ်အကိုင်နှင့်  ပြန်လည်ဆက်သွယ် ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့်   ပရိသတ်များ၏   ဖုန်းနံပါတ်များနှင့်   ကိုယ်ရေး အချက်အလက်များအား  လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်