
ဗီယင်ကျန်း ဇန်နဝါရီ ၁၇
လာအိုနိုင်ငံ၌ ကိုဗစ် -၁၉ ကူးစက်ခံရသူကို နှိမ့်ချဆက်ဆံခြင်းမျိုး မပြုလုပ်ကြရန် အများပြည်သူအား လာအိုကျန်းမာရေးအာဏာပိုင် များက တောင်းဆိုခဲ့သည်။
ကိုဗစ် -၁၉ ကူးစက်ခံရသည့်လူနာကို အားပေးထောက်ပံ့မှုများ ပြုလုပ်ကြရန်လည်း တောင်းဆိုခဲ့သည်။ လူ့အသိုင်းအဝိုင်း ဆက်လက် ရှင်သန်ရေးအတွက် ကိုယ်ချင်းစာမှုနှင့်နားလည်မှုတို့မှာ လိုအပ်သည့်အစိတ်အပိုင်းများဖြစ်ကြောင်း၊ ယခုကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် လိုက်လျောညီထွေရှိစွာ နေထိုင်နိုင်ရန် လိုအပ်ကြောင်း ဗီယင်ကျန်း တိုင်းမ်စ်တွင် ဇန်နဝါရီ ၁၇ ရက်က ဖော်ပြထားသည်။
ဇန်နဝါရီ ၁၇ ရက်အထိ လာအိုနိုင်ငံ၌ ကိုဗစ် -၁၉ ကူးစက်ခံရသူ ၁၂၅၃၃၃ ဦးရှိပြီး သေဆုံးသူ ၄၉၇ ဦးရှိသည်။ လာအိုနိုင်ငံ၌ ကိုဗစ် - ၁၉ ပထမဆုံးကူးစက်မှုကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၄ ရက်နေ့တွင် ပထမဆုံး တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဆင်ဟွာ