
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဇန်နဝါရီ ၁၇
မြန်မာ - တရုတ် နယ်စပ်မြို့များ တွင် ကိုဗစ်-၁၉ စင်တာများ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ် ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်း တက်ရောက်အမှာ စကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး စိုးထွဋ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ စီပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းနှင့် ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအတွင်းရေး မှူးရုံးအဖွဲ့ခေါင်းဆောင် ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ကုန်စည်ကူးသန်းရေးတွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုထိန်းချုပ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်တို့ တက်ရောက် ကြပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့က ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။
အမှာစကားပြောကြား
ဦးစွာ ကိုဗစ် - ၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးသည် မြန်မာ - တရုတ် နယ်စပ်ကုန်စည် ကူးသန်း ရောင်းဝယ်ရေးကို အကျိုးသက် ရောက်မှုရှိနေကြောင်း၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် မိမိတို့နိုင်ငံအပေါ် ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေး၌ အကူအညီ ပေးထားသည်များ ရှိသကဲ့သို့ ဆက်လက်အကူအညီပေးလိုသည့် ကိစ္စရပ်များလည်း ရှိကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ၊ ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရေး သက် ဆိုင်ရာ ဝန်ကြီးဌာနများသို့ အကြောင်းကြား အသိပေးထားရှိ ပြီးဖြစ်ကြောင်း။
ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံကုန်စည် ကူးသန်းရောင်း ဝယ်မှုဆိုင်ရာ ကိစ္စရပ်များတွင် အဟန့်အတားရှိနေသည်ကို သိရှိ ရကြောင်း၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့် အညီ ထိန်းချုပ်မှုများကို အပြည့် အဝ ပူးပေါင်းဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ဆောင်ရွက်နိုင်သကဲ့သို့ နောက် ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် မလို လားအပ်သော ဆိုးကျိုးများလည်း လျော့နည်းသွား စေနိုင်မည်ဖြစ် ကြောင်း။
ရှင်းလင်းဆွေးနွေး
ထို့ကြောင့် မြန်မာ - တရုတ် နှစ်နိုင်ငံကုန်သွယ်ရေးတွင် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေး၊ အရေး ပေါ်တုံ့ပြန်ရေးတို့နှင့် စပ်လျဉ်း၍ ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာအဖွဲ့များ၏ ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ဆောင်ရွက်နေမှုများ၊ ဆောင်ရွက် ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ အတွင်းရေးမှူးရုံး အဖွဲ့ခေါင်းဆောင် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်က မြန်မာ- တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသ ကုန်သွယ်မှု လုပ်ငန်းများနှင့် ဆက်စပ်ပြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံ ညှိနှိုင်း ဆွေးနွေးထားချက်များ၊ လိုလား ချက်များကို Power point ဖြင့် ရှင်းလင်း ဆွေးနွေးတင်ပြသည်။
နိဂုံးချုပ်အမှာစကားပြောကြား
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏ မောင်လွင်၊ ဒေါက်တာ သက် ခိုင်ဝင်း၊ ဒေါက်တာပွင့်ဆန်းနှင့် ဦးခင်ရီ၊ ကချင်ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်နှင့် ဒုတိယ ဝန်ကြီး ဦးညွန့်အောင်တို့က သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြ သည်။
ထို့နောက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က ဆွေးနွေးချက်၊ ညှိနှိုင်းချက်နှင့် လိုလားချက်အပေါ် တစ်ချက်ခြင်း အလိုက် ဆောင်ရွက်သင့်သည့်၊ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဖြည့်စွက်ဆွေးနွေးလျက် နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်း အဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်