
နေပြည်တော် ဇန်နဝါရီ ၁၇
ဝန်ထမ်းများအားလုံး အေးချမ်းပျော်ရွှင်ပြီး လုံခြုံစိတ်ချစွာ လုပ်ငန်းတာဝန်များကို အပြည့်အဝ တာဝန်ထမ်းဆောင်နိုင်ရန်နှင့် လုံခြုံရေးဆိုင်ရာ နည်းစနစ်များ/နည်းဗျူဟာများကို နားလည်သိရှိပြီး စနစ်တကျ စီမံဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန “လုံခြုံရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၂)” သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Multipurpose Hall) ၌ ကျင်းပသည်။
လိုက်နာသင်ယူကြ
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံက ဝန်ထမ်း များအနေဖြင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို သိရှိနားလည် သဘောပေါက်၍ လုံခြုံရေး သတိ/ လုံခြုံရေးအသိ စိတ်ဓာတ်ရှိရန် များစွာလိုအပ်ပြီး မိမိတို့၏ရုံးဌာန တစ်ခုလုံး လုံခြုံစိတ်ချစွာ လုပ်ငန်း တာဝန်များ ထမ်းဆောင်နိုင်ရေး အတွက် လုံခြုံရေးဝန်ထမ်းများ အပြင် ဝန်ထမ်းများအားလုံး လုံခြုံရေး သတိအမြဲရှိစေရန် လိုအပ်ကြောင်း၊ လုံခြုံရေးသည် အထူးအရေးကြီးသည့် အတွက် လုပ်ငန်းတာဝန်များ ထမ်းဆောင် လျက်ရှိသော ဝန်ထမ်းများ အားလုံး ဘေးကင်းလုံခြုံပြီး တိုင်းပြည်တာဝန်များ စိတ်အေး ချမ်းသာစွာဖြင့် ဆောင်ရွက် လုပ်ကိုင်သွား နိုင်ရန်အတွက် လုံခြုံရေးဝန်ထမ်းများနှင့် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်း များအားလုံး ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ကျန်းမာ ရေးသည် အဓိကအရေးကြီးဆုံး ဖြစ်သည့်အတွက် သင်တန်းသား များအားလုံး ကျန်းမာရေး အထူး ဂရုစိုက်ကြရန် လိုအပ်ကြောင်း၊ ကိုယ်ခန္ဓာကျန်းမာမှ လုပ်ငန်း တာဝန်များကို အပြည့်အဝ ထမ်းဆောင်နိုင်မည် ဖြစ်သည့် အတွက် သွားလာနေထိုင်စား သောက်ရာတွင် သတိနှင့်အသိရှိ ကြရန်လိုအပ်ကြောင်း၊ သင်တန်း နည်းပြဆရာများမှ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးမည့် လုံခြုံရေးဆိုင်ရာ ဘာသာရပ်များ၊ သင်ခန်းစာများကို ကြိုးစားပြီး လေးလေးစားစား လိုက်နာ သင်ယူကြရန် တိုက်တွန်းမှာကြား လိုကြောင်း ပြောကြားသည်။
၁၀ရက်ကြာ သင်ကြားပို့ချ
အဆိုပါ “လုံခြုံရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂)” သင်တန်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သင်တန်း နည်းပြဆရာ နှစ်ဦးက အားကစား နှင့် ကာယပညာ ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေး ဌာနခွဲ (၂)၊ အားကစားကွင်း/အားကစားရုံဌာနခွဲမှ လုံခြုံရေး ဝန်ထမ်း စုစုပေါင်း ၂၉ ဦးတို့ကို ဇန်နဝါရီ ၁၇ရက်မှ ၂၇ ရက်အထိ သင်တန်းကာလ ၁၀ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်း သိရသည်။ သတင်းစဉ်