တက္ကသိုလ်အလိုက် စာကြည့်တိုက်များကို အဆင့်မြှင့်တင်ပြီး  ပြည့်စုံအောင်  ဖြည့်ဆည်းပေးမည့်အပြင်  သင်ကြားရေးအထောက်အကူပြုပစ္စည်းများကိုလည်း  ဖြည့်ဆည်းပေးမည်

 

 

နေပြည်တော်   ဇန်နဝါရီ  ၁၇
ပညာရေးဝန်ကြီးဌာန၊       အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပထမနေ့ ဒုတိယပိုင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီး ဌာန၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊  ဒုတိယဝန်ကြီး   ဒေါက်တာ ဇော်မြင့်နှင့်   တာဝန်ရှိသူများ၊  တက္ကသိုလ်၊   ဒီဂရီ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး များ  တက်ရောက်ကြသည်။ 
ပညာရေးဖွံ့ဖြိုးတိုးတက်ရေး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ် ပါမောက္ခချုပ်များအနေဖြင့်  အစည်းအဝေးတွင် မိမိတို့တက္ကသိုလ်အလိုက်    ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ သင်ကြား သင်ယူမှုကောင်းမွန်ရေးနှင့် အဆင့်မြင့်ပညာရေး အရည်အသွေး တိုးတက်မြင့်မား ရေးအတွက်       ဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် ပညာရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အားပေးမြှင့်တင် ဆောင်ရွက် ပေးနေချိန်တွင်  မိမိတို့တက္ကသိုလ်ဖွံ့ဖြိုးတိုးတက် ရေးအတွက်  အားထုတ်ကြိုးစား ဆောင်ရွက်ကြစေ လိုပါကြောင်း၊ အမှန်တကယ် လိုအပ်ချက်များရှိပါက ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆွေးနွေးတင်ပြကြစေ လိုပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုလျှင် Ph.D သင်တန်းဖွင့်လှစ်နိုင်သောတက္ကသိုလ် အနည်း ဆုံးတစ်ခုရှိရေးကိုလည်း ထည့်သွင်းဆွေးနွေးကြစေလိုပါကြောင်း၊    ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်အလိုက် စာကြည့်တိုက်များကို အဆင့်မြှင့် တင်ပြီး  ပြည့်စုံအောင်  ဖြည့်ဆည်းဆောင်ရွက်ပေး မည်ဖြစ်သကဲ့သို့ သင်ကြားရေးအထောက်အကူပြု ပစ္စည်းများကိုလည်း    ဖြည့်ဆည်းပေးမည်ဖြစ်ပါ ကြောင်း။
ထိရောက်စွာ အသုံးပြု
တက္ကသိုလ်ပရိဝုဏ်များအတွင်း အင်တာနက်၊ ဝိုင်ဖိုင်စနစ်များ လွှမ်းခြုံနိုင်ရေး ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း၊  အမှန်တကယ်  လိုအပ်ချက်ရှိသော ကျောင်းဆောင်များ ပြင်ဆင်နိုင်ရေး၊ ကျောင်းဆောင် အသစ်ရရှိရေး၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင် များ ဖြည့်ဆည်းပေးနိုင်ရေးကို ဆွေးနွေးကြစေလိုပါ ကြောင်း၊  လိုအပ်သည့် ရေ၊ မီးစနစ်၊ မီးသတ်စနစ်များ ကို   ထည့်သွင်းဖြည့်ဆည်း  ဆောင်ရွက်စေလိုပါ ကြောင်း၊  တက္ကသိုလ် အားကစားရုံ၊ အားကစားကွင်း များ တည်ဆောက်ရာတွင် သတ်မှတ်စည်းကမ်းချက် များနှင့်အညီ   စနစ်တကျ   တည်ဆောက်နိုင်ရေး တွက်ချက်          ဆောင်ရွက်ကြစေလိုပါကြောင်း၊  ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များကိုယ်တိုင် စာသင်ခန်းများအထိ   ကွင်းဆင်း၍  ကျောင်းသား ကျောင်းသူများ၏ ပညာအရည်အသွေးတိုးတက်ရေး၊ အမှန်တကယ် တတ်မြောက်ရေးအတွက် ကြီးကြပ် ဆောင်ရွက်ကြစေလိုပါကြောင်း၊     ဓာတ်ခွဲခန်းသုံး စက်ပစ္စည်းဝယ်ယူရေး ဆောင်ရွက်ရာတွင် နားလည် တတ်ကျွမ်းသော ပါမောက္ခများ  ပါဝင်ဆောင်ရွက်ကြ စေလိုပါကြောင်း၊ အကျိုးရှိပြီး အမှန်တကယ်လိုအပ် သော၊ ထိရောက်စွာ အသုံးပြုနိုင်မည့် စက်ပစ္စည်းများ ကိုသာ မှာယူရန်နှင့် တက္ကသိုလ်တိုင်းတွင် တူညီသော စက်ပစ္စည်းများရှိရန်လိုပါကြောင်း၊ ဆရာကြီး ဆရာမ ကြီးများအနေဖြင့်       ယနေ့အစည်းအဝေးတွင် အဆင့်မြင့်ပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်း ဆွေးနွေးကြစေလိုပါကြောင်း ပြောကြား သည်။
ခေတ်မီသင်ရိုးညွှန်းတမ်းများသို့ဦးတည်
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က    အဆင့်မြင့်  ပညာဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာအဆင့်မီ၊ ခေတ်မီ သင်ရိုး ညွှန်းတမ်းများသို့ ဦးတည်ရေးဆွဲသင်ကြား နိုင်ရေး ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်  ဒေါက်တာစိုးဝင်း၊   အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းထွန်း တို့က တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက် ရမည့်အချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။
ယနေ့ကျင်းပသည့်    အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၉ ရက် အထိ  ၃  ရက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။   
                                            သတင်းစဉ်