လာနီညာဖြစ်စဉ်ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်း

 

နေပြည်တော်    ဇန်နဝါရီ   ၁၅


အီကွေတာအနီးရှိ   အပူပိုင်းပစိဖိတ်သမုဒ္ဒရာ   (Tropical   Pacific Ocean) ၏  ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့်   လေထုဖြစ်စဉ်များမှာ အားအနည်းငယ်မှ အားအသင့်အတင့်ရှိသော လာနီညာအခြေအနေသို့ ရောက်ရှိနေသည်။ နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များ ခန့်မှန်းချက်များအရ ယခုလက်ရှိ ဇန်နဝါရီလအတွင်း အားအနည်းငယ်မှ အားအသင့်အတင့်ရှိသော လာနီညာအဆင့်တွင် ဆက်လက်တည်ရှိနိုင်ပြီး    ဖေဖော်ဝါရီလနှင့်   မတ်လများတွင် အားအနည်းငယ်ရှိသော  လာနီညာအဆင့်သို့  ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

 


လာနီညာဖြစ်စဉ်သည်   ပစိဖိတ်သမုဒ္ဒရာတွင်   ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း   အဆိုပါလာနီညာဖြစ်စဉ်ကြောင့်  အကျိုး သက်ရောက်မှုမှာ      ယေဘုယျအားဖြင့်     အရှေ့မြောက်မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင်  ညအပူချိန်များ  လျော့နည်း ခြင်း၊  အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိသည်။
လာနီညာဖြစ်ပေါ်မှုနှင့်   ပတ်သက်သည့်   အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။


မိုး/ဇလ