ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးအစီအစဉ်နှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရေး အစီအစဉ်တွင် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရေး ညှိနှိုင်းစည်းဝေး

 

နေပြည်တော်  ဇန်နဝါရီ  ၁၄ 

 


ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးအစီအစဉ်နှင့်     ထပ် ဆောင်းကာကွယ်ဆေး (Booster dose) ထိုးနှံရေး အစီအစဉ်တွင် စေတနာ့ဝန်ထမ်းများ၊ ပရဟိတ အဖွဲ့အစည်းများ   ပူးပေါင်းပါဝင် ရေး    ညှိနှိုင်းအစည်းအဝေးကို Virtual   ဖြင့်  ယနေ့နံနက်ပိုင်း တွင်   ကျင်းပရာ  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်     ပြန်လည် နေရာချထားရေး   ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ အမြဲတမ်းအတွင်း ဝန်နှင့်   ညွှန်ကြားရေးမှူးချုပ် များ၊  နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/  ပြည်နယ်များ အတွင်း   ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်   ကုသရေး အစီအစဉ်များတွင်  ပူးပေါင်းပါဝင်   ဆောင်ရွက်လျက်ရှိသော စေတနာ့ ဝန်ထမ်း၊ ပရဟိတအဖွဲ့အစည်း များမှ  ကိုယ်စားလှယ်များ   တက် ရောက်ကြသည်။  

 


ပြည်ထောင်စု        ဝန်ကြီးက     ကိုဗစ်-၁၉ ရောဂါပိုးကို ၂၀၂၀ ပြည့်နှစ် မတ်လတွင်  မြန်မာနိုင်ငံ ၌  စတင်တွေ့ရှိချိန်မှစ၍ ယနေ့ အထိ ၂၄ လကြာပြီဖြစ်ကြောင်း၊ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယ လှိုင်းကာလအတွင်း    စေတနာ့ ဝန်ထမ်းများက      အသက်ကို  ပမာနမထားဘဲ   ဝိုင်းဝန်းကူညီ ဆောင်ရွက်    ပေးခဲ့ပါကြောင်း၊   တတိယလှိုင်း    ဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ်  ဇူလိုင်လပိုင်းအတွင်း ရောဂါဖြစ်ပွားမှုအမြင့်ဆုံးဖြစ်ခဲ့သော်လည်း   စက်တင်ဘာလပိုင်း မှာ ထိန်းချုပ်နိုင်ခဲ့သည်မှာ ပြည်သူ များနှင့်  စေတနာ့ဝန်ထမ်းများ၏ ညီညွတ်စွာပူးပေါင်းမှုကြောင့်ရရှိသည့်       ရလဒ်ဖြစ်ပါကြောင်း၊ ယခုအခါ နောက်ထပ်မျိုးကွဲသစ် အိုမီခရွန်ကို  နိုင်ငံပေါင်း ၁၅၀ ကျော်တွင်တွေ့ရှိရပြီး    မြန်မာ နိုင်ငံတွင်လည်း     ကူးစက်ခံရသူ ၆၀ ကျော်ရှိလာပြီဖြစ်ပါကြောင်း။

 


၂၀၂၁ ခုနှစ်  ဒီဇင်ဘာလအထိ ကာကွယ်ဆေး   ၅၇ ရာခိုင်နှုန်း ကျော်ထိုးပြီးဖြစ်ရာ  ဆေးထိုးပြီး ၆ လကျော်လာပါက ကိုဗစ်ရောဂါ ပိုးကိုခုခံနိုင်သည့်အား ကျဆင်း လာနိုင်သည့်အတွက်  ထပ်ဆောင်း ကာကွယ်ဆေး Booster ထိုးရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံ တော်က  ထပ်ဆောင်းကာကွယ် ဆေးထိုးနှံပေးရန်စီစဉ်ဆောင်ရွက် နေပါကြောင်း၊ Booster ထိုးနှံခြင်း ကို     ဦးစားပေးအုပ်စုအလိုက် သတ်မှတ်ထိုးနှံပေးနေပါကြောင်း၊ စတုတ္ထလှိုင်းအတွက် ကြိုတင်ပြင် ဆင်မှုများလည်း     ဆောင်ရွက် လျက်ရှိပါကြောင်း၊   စေတနာ့ ဝန်ထမ်းများကို       လှိုက်လှဲစွာ ကျေးဇူးတင်ရှိပြီး    အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်နိုင် ရေး     စီစဉ်လျက်ရှိပါကြောင်း   ပြောကြားသည်။

 


ထို့နောက်  လူမှုဝန်ထမ်းဦးစီး ဌာန     ညွှန်ကြားရေးမှူးချုပ်က နိုင်ငံတော်အနေဖြင့် ဆောင်ရွက် သွားမည့် Booster dose ထိုးနှံ မည့် အစီအစဉ်ကို ရှင်းလင်းတင်ပြ သည်။ 

 


ယင်းနောက်  ပရဟိတအဖွဲ့ များအလိုက် ဆွေးနွေးတင်ပြကြရာ စေတနာ့ဝန်ထမ်း  စိစစ်ရေးကတ်   မရရှိကြသေး    သူများအတွက် ထပ်မံ   ဆောင်ရွက်ပေးနိုင်ရေး၊  ကျန်းမာရေးသုံး ပစ္စည်းလိုအပ်မှု၊ အစားအသောက်နှင့် စက်သုံးဆီ လိုအပ်မှုများ၊  အသင်းပိုင်လူနာ တင်ယာဉ်များ   သွားလာရေး၊ သယ်ယူရေးဆိုင်ရာ    ကိစ္စများ၊    ကြုံတွေ့နေရသည့်   အခက်အခဲ များကို   ဆွေးနွေးတင်ပြကြပြီး   ပြည်ထောင်စုဝန်ကြီးက  ဖြည့်စွက် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရ သည်။                    

သတင်းစဉ်