တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော် ဇန်နဝါရီ  ၉


တိုင်းဒေသကြီးနှင့်     ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊   သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူ များ၊ အကျဉ်းသား၊ အကျဉ်းသူများ၊  မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည် ရောဂါအခံရှိသူများ၊ကယ်ဆယ်ရေးစခန်းများ၊ ယာယီ တိုက်ပွဲရှောင်စခန်းများအတွင်းရှိ    ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်း နှင့် အထက်တန်းအဆင့် ကျောင်းသား  ကျောင်းသူ များ       စသည့်ဦးတည်အုပ်စုများ    သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊  ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊  သူနာပြုများ၊   ကျန်းမာရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို   ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်း ပြည်နယ်(အရှေ့ပိုင်း)  မိုင်းပျဉ်းမြို့နယ်၌   ဒေသခံ ပြည်သူ ၁၄၄၀၊ တနင်္သာရီတိုင်းဒေသကြီး  မြိတ် မြို့နယ်၌ ဒေသခံပြည်သူ ၄၃၂၀၊   ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ   မြို့နယ်   ၂၆  မြို့နယ်တို့၌ ဒေသခံပြည်သူ   ၂၀၆၈၃ ဦး၊   ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်နှင့်  ကျောက်ဖြူမြို့နယ်တို့၌ ဒေသခံပြည်သူ ၃၉၅ ဦး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင် ခုနစ်ခုတို့မှ ဒေသခံပြည်သူ ၈၂၁၀ ၊ ပဲခူးတိုင်းဒေသကြီး  တောင်ငူမြို့နှင့်   ထန်းတပင် မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၃၂၀ တို့ကို တပ်မတော် မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန် များ၊သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့်   ပူးပေါင်း၍  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။ 

 


ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံပေးလျက် ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား ‌ကျောင်းသူ ၅၁၂ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။

 


ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ            တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး     လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                                        

 သတင်းစဉ်