
မန္တလေး ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မီနီ ဘတ်ဂျက် ခြောက်လတာကာလ၌ အသက် (၈၅) နှစ်အထက် အဘိုး အဘွား ၃၂၀၂၈ ဦး အတွက် လူမှုရေးပင်စင် ငွေကျပ်သိန်း ၉၀၀၀ ကျော်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ တတိယပတ်မှစတင် ၍ ထောက်ပံ့ပေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လူမှု ဝန်ထမ်းဦးစီးဌာနမှ သိရသည်။
“လူမှုဘဝ စောင့်ရှောက်ရေး အစီအစဉ်အရ အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွားတွေ အတွက် လစဉ်ထောက်ပံ့နေတာကို မန္တလေးတိုင်းဒေသကြီး အတွင်း မှာလည်း ဆောင်ရွက်လျက်ရှိပါ တယ်။ တိုင်းဒေသကြီးအတွင်း ၂၈ မြို့နယ်ရှိ အဘိုး အဘွား ၃၂၀၂၈ဦး ရှိပါတယ်။ တစ်လတစ်သောင်းနှုန်း နဲ့ သုံးလတစ်ကြိမ်ထောက်ပံ့တာဖြစ်တဲ့အတွက် တစ်ဦးကို သုံး သောင်းနှုန်းရပါတယ်။ သိန်း ပေါင်း ကိုးထောင့် ခြောက်ရာ ရှစ်သိန်း လေးသောင်းဝန်းကျင်ရှိပါ တယ်။ လောလောဆယ်ထောက်ပံ့ ရမယ့်ငွေပမာဏပါ။
အဘိုးအဘွား တွေကတော့ များလာပါတယ်။ သက်တမ်းလည်း မြင့်လာတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေ ကလည်း ခေတ်နဲ့အညီ တိုးတက် လာတာတွေရှိတဲ့အခါ ဆုံးပါးတဲ့ နှုန်းတွေလည်း လျော့လာတော့ အသက်ကြီးတဲ့ လူဦးရေလည်း တိုးလာပါတယ်” ဟု မန္တလေး တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်မင်းက ပြောသည်။
မန္တလေး တိုင်းဒေသကြီး အတွင်း လူမှုရေးပင်စင်ထောက်ပံ့ ပြီးစီးမှုများအနေဖြင့် ၂၄ မြို့နယ် အတွင်း ဆောင်ရွက်ပေးခဲ့ ပြီး ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ဦးမြို့နယ်၊ မြင်းခြံမြို့နယ်၊ မိတ္ထီလာမြို့နယ်တို့တွင် ဆောင် ရွက်ဆဲဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မီနီဘတ်ဂျက်၏ ပထမ သုံးလပတ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတို့အတွက် ထောက်ပံ့ ပေးခြင်းဖြစ်ကြောင်း သိရသည်။
“သက်ကြီး ဘိုးဘွားတွေဆို တာ နိုင်ငံရဲ့အဖိုးတန်တဲ့လူသားအရင်းအမြစ်တွေပါ၊ အဘိုးအဘွား တွေရဲ့ အတွေ့အကြုံတွေယူရ တယ်။ အဘိုးအဘွားတွေက အတွေ့အကြုံတွေ လက်ဆင့်ကမ်း ပြီး အမွေတွေပေးခဲ့ကြတယ်။ ဒီခေတ်ကြီးမှာ အသက်ရှည်ရှည် နေနိုင်ဖို့ဆိုတာ ကျန်းမာရေးက အစ အဘက်ဘက်ကပြည့်စုံနေမှ အသက်ရှည်ရှည်နေနိုင်ပြီး တိုင်း ပြည်အကျိုး၊ ဘာသာအကျိုး၊ သာသနာအကျိုးတွေ ဆောင်ရွက် နိုင်ကြတာကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံတော်ကနေ ထောက်ပံ့ပေး တာပါ။ ဂုဏ်ပြုလိုက်ခြင်းဖြင့် လူမှု ရေး၊ ကျန်းမာရေးတွေမှာ အထောက်အပံ့ ဖြစ်သွားသလို ကိုယ်တိုင်လည်း စိတ်ကျေနပ်မှု တွေရကြပါတယ်”ဟု ဦးဇော်မင်း က ဆက်လက်ပြောသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာ ကာလတွင် မန္တလေးတိုင်းဒေသကြီးအတွင်း အသက်(၈၅)နှစ်အထက် အဘိုး ၉၉၀၇ ဦးနှင့် အဘွား ၂၂၁၂၁ ဦး တို့အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ်သိန်း ၉၀၀၀ ကျော် လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း၊ အဘိုး အဘွားတစ်ဦးလျှင် တစ်နှစ် ထောက်ပံ့ငွေကျပ်တစ်သိန်း နှစ် သောင်းရရှိကြောင်း၊ လူမှုရေး ပင်စင်ငွေများ ထောက်ပံ့ပေးရာ တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရပ်ကွက်၊ ကျေးရွာအုပ် ချုပ်ရေးမှူးများနှင့် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
မောင်အေးချမ်း