မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံနှင့် မှော်ဘီမြို့နယ်တို့၌ စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်    ဇန်နဝါရီ      ၆ 


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး   ရဲတပ်ဖွဲ့ဝင်များ       ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၅ ရက် နံနက် ၅ နာရီခွဲတွင် မြောက်ဥက္ကလာပ မြို့နယ်  အမှတ် (၂) ရပ်ကွက်တွင်  အောင်သက်ဦးကို  မသင်္ကာဖွယ် တွေ့ရှိသဖြင့်   စစ်ဆေးရှာဖွေရာ   ၎င်းထံမှ     စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကို ဖမ်းဆီးရမိခဲ့သည်။ 

 


ထို့အတူ ယင်းနေ့  မွန်းလွဲ ၁  နာရီတွင်  မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ  ပါဝင်သောပူးပေါင်းအဖွဲ့သည် မင်္ဂလာဒုံ မြို့နယ်   ထောက်ကြန့်မြို့   ဧကရာဇ်ရပ်ကွက်   ရန်ကုန်-ပဲခူးသွား ကားလမ်းရှိ ထမင်းဆိုင်ရှေ့တွင် အာကာမင်း (ခ) ဆိုဒ်ကြီး (ခ) ငဆိုဒ်နှင့်  လင်းခန့် (ခ) ငခန့်တို့ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ  ၎င်းတို့  နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၄၀၀ သိမ်းဆည်းရမိခဲ့ပြီး  ကွင်းဆက်အရ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ တွင် မှော်ဘီမြို့နယ် ဘွက်ကြီး ကျေးရွာအုပ်စု ရဲစုကျေးရွာတွင် ပြည့်ဖြိုးမောင်(ခ) ကိုဖြိုးကို စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀ နှင့်လည်းကောင်း၊ မွန်းလွဲ ၃နာရီခွဲတွင် မင်္ဂလာဒုံ မြို့နယ် မြသီတာရပ်ကွက်နေ ထွန်းထွန်းလင်း (ခ) ကိုထွန်းကို ၎င်း၏ နေအိမ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀ နှင့်လည်းကောင်း ဖမ်းဆီး ရမိခဲ့သဖြင့်  ၎င်းတို့ကို  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ရဲပြန်ကြား