ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ် ပန်းခင်းစီမံချက် ရာနှုန်းပြည့်ပြီးမြောက်

 

ကျိုင်းတုံ     ဇန်နဝါရီ    ၅


ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် “ပန်းခင်း စီမံချက်” ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားပေးအပ်ခြင်းနှင့် လျာထားချက် ပြီးမြောက်အောင်မြင်ပွဲကို   ဇန်နဝါရီ  ၅  ရက် နံနက် ၁၁ နာရီခွဲက ကျိုင်းတုံမြို့ မြို့နယ်စည်ပင်သာယာရေး ခန်းမ၌ ကျင်းပသည်။

 


ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်


အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း က  ယနေ့အခမ်းအနားသည်  လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီး ဌာနက တာဝန်ယူဆောင်ရွက်ပေးနေသည့် ပန်းခင်း စီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြား  ပေးအပ်ပွဲ ဖြစ်သလို  ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် တွင် စီမံချက်လျာထားချက်  ရာနှုန်းပြည့်ပြီးမြောက် အောင်မြင်သည့် မိုင်းပျဉ်းမြို့နယ်ကို ဂုဏ်ပြုသည့်အခမ်းအနားဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ ပိုင်း)အနေဖြင့် ဆောင်ရွက်ပေးရန် လျာထားချက် ၅၄၀၆၃ ဦးရှိရာ  ၂၀၂၁ ခုနှစ်  ဒီဇင်ဘာ ၃၁ ရက်ထိ   ၃၂၉၆၄ ဦး   ဆောင်ရွက်ပေးနိုင်ခဲ့ပြီး  ၂၁၀၉၉ ဦး ဆောင်ရွက်ပေးရန်     ကျန်ရှိနေသေးပါကြောင်း၊    ပြီးစီးမှုရာခိုင်နှုန်း အနေဖြင့် ၆၀ ဒသမ ၉၇ ရာခိုင်နှုန်း  တွေ့ရှိရပါကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ပန်းခင်းစီမံချက်ဖြင့်  ယနေ့ပေးအပ်သည့် ကတ်ပြား ပေါင်း ၁၁၉၂ ကတ် နှင့်   အိမ်ထောင်စု  ၂၂  စုဖြစ်ပြီး     ယခင်ကလည်း နှစ်ကြိမ် ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျိုင်းတုံခရိုင်အတွင်းရှိ        မိုင်းပျဉ်းမြို့နယ်သည်      ရပ်ကွက်ခုနစ်ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၄ အုပ်စု၊ ကျေးရွာပေါင်း ၃၈၅  ရွာဖြင့်     ဖွဲ့စည်းထားပြီး   လူဦးရေ   ခြောက်သောင်းကျော်    နေထိုင်လျက်ရှိ ကြောင်း၊  မိုင်းပျဉ်းမြို့နယ်အနေဖြင့် စီမံချက်လျာထား ဦးရေ  ၂၂၂၂  ဦး ဆောင်ရွက်ပေးရမည်ဖြစ်သော်လည်း   သတ်မှတ်ကာလမတိုင်မီ ရှစ်လအတွင်း အိမ်ထောင်စု လူဦးရေစာရင်း  ၅၆  စုနှင့်   ကိုင်ဆောင်လက်မှတ် ၂၂၃၈ ထိ ရာနှုန်းပြည့်ကျော်လွန်အောင် ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ မိုင်းပျဉ်းမြို့နယ်သည် စီမံချက် ကာလမတိုင်မီ ရှမ်းပြည်နယ်(အရှေ့ပိုင်း)  ကျိုင်းတုံ ခရိုင်အတွင်း ပထမဆုံး “ပန်းခင်းစီမံချက်လျာထား ချက်  ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်သော မြို့နယ် ဖြစ်ပါကြောင်း၊   ကိုဗစ်-၁၉ ရောဂါ  မပြန့်ပွားရေး အတွက် ထုတ်ပြန်ထားသော ကန့်သတ်ချက်များ နှင့်  အခြားသောအခက်အခဲကြားမှ  ရှစ်လအတွင်း   စီမံချက်လျာထားချက်  ရာနှုန်းပြည့်ပြီးစီးအောင်မြင် ရေးအတွက်     အားသွန်ခွန်စိုက်    ဝိုင်းဝန်းကြိုးပမ်း အားထုတ်ခဲ့သည့်    မိုင်းပျဉ်းမြို့နယ်   ရုံးဝန်ထမ်း များအား     မှတ်တမ်းတင်   ဂုဏ်ပြုပါကြောင်း ပြောကြားသည်။

 


ပေးအပ်


ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်၊  တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း နှင့် ပြည်နယ်ဝန်ကြီးများက အိမ်ထောင်စုလူဦးရေ စာရင်းနှင့်    နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူများထံ  ပေးအပ် သည်။ 

 


ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်


ယင်းနောက်    ပြည်နယ်ဝန်ကြီးချုပ်၊   တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့်    တာဝန်ရှိသူများသည် ကျိုင်းတုံတက္ကသိုလ်၌   သစ်လွင်နည်းပြ၊   သရုပ်ပြ ဆရာ၊ ဆရာမများအား     တွေ့ဆုံရာ    ပြည်နယ်  ဝန်ကြီးချုပ်က     ဆရာ၊ ဆရာမများ    သစ်လွင် မောင်မယ်နှင့်အညီ လူသစ်စိတ်သစ်ဖြင့် တိုင်းပြည် တာဝန်များကို ကျရာကဏ္ဍတွင် တာဝန်ထမ်းဆောင် ပေးရန်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို  အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။ 


 မောင်မောင်သန်း(တောင်ကြီး)