
နေပြည်တော် ဇန်နဝါရီ ၅
စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် “တူယှဉ် နွှဲပျော် ဂီတပွဲတော်” သီချင်းဆို ပြိုင်ပွဲ အုပ်စု(၄) ပထမပွဲစဉ်ကို ဇန်နဝါရီ ၇ ရက် (သောကြာနေ့) ညတွင် မြန်မာ့အသံနှင့်ရုပ်မြင် သံကြားမှ တိုက်ရိုက် Live ရိုက်ကူး ထုတ်လွှင့်မည်။
အဆိုပါပွဲစဉ်၌ တိုင်းရင်းသားပြိုင်ပွဲဝင်များဖြစ်ကြသည့် ရန်ကုန် တိုင်းဒေသကြီးမှ ဝင်းမိုးအောင်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ခင်သက် တင်၊ ကယားပြည်နယ်မှ အိမ့် သရဖူ၊ မန္တလေးတိုင်းဒေသကြီးမှ ဝေဝေဖြိုး၊ ချင်းပြည်နယ်မှ ရေဗက္ကာ၊ ကချင်ပြည်နယ်မှ အဂျုံး၊ နေပြည်တော်မှ စိုင်းလင်း၊ မကွေး တိုင်းဒေသကြီးမှ အေးမြသီတာ နှင့် ကရင်ပြည်နယ်မှ စောရဲရဲ တို့ က ယှဉ်ပြိုင်သီဆိုကြမည်ဖြစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ခေတ်ပေါ်တေးဂီတ အဖွဲ့မှ တီးခတ်ပေးမည်ဖြစ်ကာ ဒုတိယ အကြိမ်အဖြစ် ဇန်နဝါရီ ၉ ရက် (တနင်္ဂနွေနေ့)၊ နံနက် ၁၀ နာရီခွဲတွင် ထပ်မံထုတ်လွှင့်ပြသ မည် ဖြစ်သည်။
“တူယှဉ် နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲတွင် နေပြည်တော် နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး တို့မှ တိုင်းရင်းသားညီအစ်ကို မောင်နှမသုံးဦးစီဖြင့် စုစုပေါင်း ၄၅ ဦးတို့က အဖွဲ့ (၅)ဖွဲ့ခွဲ၍ အုပ်စုပွဲစဉ် ၁၀ ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် လည်း ကောင်း၊ နောက်ဆုံးပွဲစဉ်သုံးပွဲ ကို ရန်ကုန်မြို့ ပြည်သာယာ ရှိ မြဝတီမီဒီယာစင်တာတွင် လည်းကောင်း၊ နိုဝင်ဘာ ၂၆ ရက် မှစပြီး အပတ်စဉ် သောကြာနေ့ ညများတွင် Live ရိုက်ကူး ထုတ် လွှင့်ပြသခဲ့ရာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်(တနင်္ဂနွေနေ့)ည အပါအဝင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်အထိ အပတ် စဉ် သောကြာနေ့ ညတိုင်း သီဆို ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်