နံရံဆေးရေးပန်းချီထိန်းသိမ်းရေးနှင့် ရှေးဟောင်းအဆောက်အအုံများပေါ်တွင် ပေါက်ရောက်နေသောအပင်များ ရှင်းလင်းခြင်း သင်တန်းဆင်း

 

ညောင်ဦး  ဇန်နဝါရီ  ၁


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန   ရှေးဟောင်း သုတေသနနှင့်        အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲနှင့် မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှု ဒေသထိန်းသိမ်းရေးကော်မတီတို့        ပူးပေါင်း၍ ဒီဇင်ဘာ ၂၀ ရက်မှ စတင်ဖွင့်လှစ်ခဲ့သော နံရံဆေးရေးပန်းချီထိန်းသိမ်းရေးနှင့် ရှေးဟောင်းအဆောက် အအုံများပေါ်တွင် ပေါက်ရောက်နေသော အပင်များ (ဓာတုဆေးဖြင့်) ရှင်းလင်းခြင်း သင်တန်းဆင်းပွဲကို ဒီဇင်ဘာ  ၃၁ ရက်က ကျင်းပသည်။ 

 


သင်တန်းကို      ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲမှ ညွှန်ကြား ရေးမှူး ဦးကျော်မျိုးဝင်း၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသ ကြီး  ထိန်းသိမ်းရေးကော်မတီဝင် ဦးသန်းဌေး(နံရံပန်းချီထိန်းသိမ်းရေးမှူးဟောင်း)၊ ဓာတ်ခွဲဌာနစိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး   ဦးကြည်လင်းတို့က ဦးစီးဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး  မန္တလေးဌာနခွဲမှ သင်တန်း သား နှစ်ဦး၊ ပုဂံဌာနခွဲမှ သင်တန်းသား ရှစ်ဦး၊ ပုဂံ ဒေသရှိ သမိုင်းအထင်ကရဘုရားများ ဂေါပကအဖွဲ့မှ သင်တန်းသား ၁၈ ဦး၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (BHT)မှ သင်တန်း သား ၁၈ ဦး၊ ဒေသခံပရဟိတအဖွဲ့နှင့် ဧည့်လမ်းညွှန် အဖွဲ့များမှ သင်တန်းသား ၁၀ ဦး တက်ရောက်သည်။

 


သင်တန်းတွင်    သင်တန်းဆရာများက     နံရံ ဆေးရေးပန်းချီကြံ့ခိုင်မှုထိန်းသိမ်းခြင်း၊    အပေါက် ဖာထေးခြင်း၊ Grouting ဖျော်ရည်ထိုးသွင်းခြင်းနှင့် အနားသတ်ခြင်းလုပ်ငန်းများအကြောင်းကို စာတွေ့လက်တွေ့သင်ကြားပေးခဲ့ကြောင်း၊     ရှေးဟောင်း အဆောက်အအုံများပေါ်တွင် ပေါက်ရောက်နေသော အပင်များကို (ဓာတုဆေးဖြင့်)   ရှင်းလင်းခြင်းနှင့်  Assessment ကောက်ယူခြင်း စသည့်လုပ်ငန်းများကို လည်း စာတွေ့လက်တွေ့  သင်ကြားပေးကြောင်း သိရသည်။


 မောင်မောင်ထိန်(ကျောက်ပန်းတောင်း)